Language:

အမေရိကန် AI တပ်ဖွဲ့ဖွဲ့ပြီး AI တီဇာဘုရင်ခန့်ထားမယ်လို့ ကန်သမ္မတ ဒေါ်နယ်ထရမ့် ကြေညာ


အမေရိကန် AI တပ်ဖွဲ့ဖွဲ့ပြီး AI တီဇာဘုရင်ခန့်ထားမယ်လို့ ကန်သမ္မတ ဒေါ်နယ်ထရမ့် ကြေညာ

၂၁ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

AI ဖွံ့ဖြိုးခါစအချိန်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ သတိပေးချက်တွေ ထွက်ပေါ်နေပေမယ့် ခြောက်လှန့်ပြောဆိုမှုတွေသာဖြစ်ပြီး အမေရိကန်က မှတ်ညဏ်တု နည်းပညာ AI တပ်ဖွဲ့ ဖွဲ့စည်းကာ AI တီဇာ ဘုရင်တစ်ပါးခန့်အပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။

အမေရိကန် အစိုးရအနေနဲ့ AI နည်းပညာဖန်တီးမှုတွေကို ဘယ်လိုတားဆီးနှောင့်ယှက်မှုမျိုးမှ လုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ ကန်သမ္မတထရမ့်က စက်တင်ဘာ (၁၉) ရက်မှာ လူမှုကွန်ရက်ကတဆင့် ဖော်ပြထားပါတယ်။

AI က ပြိုင်ဖက် နည်းပညာတွေရဲ့ ကွန်ရက်တွေထဲ လူကမခိုင်းစေဘဲ သူ့သဘောနဲ့သူ ချိုးဖောက်ဝင်ရောက်မှုတွေရှိနေပြီး ကြာလာရင် လူသားတွေ ထိန်းချုပ်ဖို့ ခက်ခဲလာနိုင်သလို လူသားမျိုးနွယ်အပေါ် ပြန်ပြီးအန္တရာယ်ပေးလာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေကလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ အဲဒီလို သတိပေးချက်တွေဟာ လူတွေကို ခြောက်လှန့်နေတာဖြစ်တယ်လို့ ထရမ့်ကပြောကြားထားပြီး အမေရိကန် AI တပ်ကို ဖွဲ့မယ်လို့လည်း ထရမ့်က ကြေညာထားပေမယ့် ဘယ်အချိန်မှာ ဖွဲ့စည်းမှာလဲ ဘယ်လို ဖွဲ့စည်းမှာလဲ စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောထားပါဘူး။

ဒီအတောအတွင်း တရုတ်နဲ့ အမေရိကန်ကြား AI နည်းပညာနဲ့ ပတ်သက်လို့ ဆွေးနွေးမှု အောင်မြင်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးက ပြောကြားထားပြီး AI နည်းပညာ နယ်ပယ်ဟာ ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံကြား အဓိက ပြိုင်ဆိုင်ရာ နယ်ပယ် ဖြစ်လာလို့ တရုတ်က AI နည်းပညာကို အကန့်အသတ် မရှိ ထုတ်လုပ်နေတယ်လို့လည်း ပြောဆိုနေကြပါတယ်။

တရုတ်နဲ့ ယှဉ်ပြိုင်ရာမှာ အမေရိကန်က အသာရစေဖို့ ထရမ့်က မျှော်လင့်ထားပြီး နည်းပညာ ဖန်တီးမှုတွေကို လုံးဝ တားဆီးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

AI ကြောင့် လူသားမျိုးနွယ် အန္တရာယ်ရှိနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပြီး လုံးဝ ပိတ်ပစ်လိုက်လို့ ရနိုင်တဲ့ စနစ် တစ်ခု လိုအပ်ဖွယ်ရှိတယ်လို့ သတိပေးထားပြီး AI ကြောင့် လူသားမျိုးနွယ် ပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေလည်း ရှိနေပေမယ့် ထရမ့်က စီးပွားရေးအတွက် အဆိုပါ နည်းပညာလိုအပ်တယ်လို့လည်း ပြောဆိုထားပါသေးတယ်။

Open AI နဲ့ Google အပါအဝင် ကုမ္ပဏီကြီးတွေက လူသားတွေထက် ဉာဏ်ပိုကောင်းတဲ့ မှတ်ဉာဏ်တုတွေ ဖန်တီးဖို့ ကြိုးပမ်နေကြပြီး နည်းပညာ တိုးတက်လာတာနဲ့ အမျှ လူသားတွေ မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေမှာ AI က လူတွေကို အန္တရာယ် ပြန်ပေးလာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

#အမေရိကန်

#AIတပ်ဖွဲ့

#AIတီဇာဘုရင်

#နည်းပညာ

#ကန်သမ္မတ

#ဒေါ်နယ်ထရမ့်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin