Language:

မိုးသည်းထန်လာနိုင်လို့ မယ်ဆိုင်ရှိ တောဝက်(၁၃)ကောင်ဂူ စက်တင်ဘာလကုန်အထိ ယာယီပိတ်မည်


မိုးသည်းထန်လာနိုင်လို့ မယ်ဆိုင်ရှိ တောဝက်(၁၃)ကောင်ဂူ စက်တင်ဘာလကုန်အထိ ယာယီပိတ်မည်

၂၉ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

မယ်ဆိုင်ဘက်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးသည်းထန်လာနိုင်တဲ့အတွက် ထမ်လွမ်–ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်(တောဝက် ၁၃ ကောင်ဂူ)ကို ခရီးသွားဝင်ရောက်လည်ပတ်တာနဲ့ ညအိပ်စခန်းချတာတွေကို စက်တင်ဘာလကုန်အထိ ယာယီပိတ်လိုက်ပါတယ်။

ဥယျာဉ်တာဝန်ရှိသူတွေက ဒီလိုပိတ်တာဟာ မိုးရာသီမှာ ခရီးသွားတွေရဲ့ လုံခြုံရေးကို ဦးစားပေးတာဖြစ်သလို သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာဖို့ အချိန်ပေးချင်တာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

အရင်ကတော့ ထမ်လွမ်ဂူကို ဇူလိုင်နဲ့ ဩဂုတ်လအတွင်း ပြန်ဖွင့်ပေးထားပြီး တခြားဂူတွေနဲ့ ခွန်နမ်နန်းနွန်နေရာတွေကိုလည်း လည်ပတ်လို့ရခဲ့ပါတယ်။ ဒါပေမယ့် အခုထုတ်တဲ့ ကြေညာချက်မှာတော့ ဥယျာဉ်အတွင်းရှိ ခရီးသွားနေရာအားလုံးကို ပိတ်ထားမယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းမိုးလေဝသဌာနကလည်း ဩဂုတ် ၂၉ ရက်ကနေ စက်တင်ဘာ ၂ ရက်အထိ မြောက်ပိုင်းဒေသမှာ မိုးသည်းထန်စွာ ရွာနိုင်တယ်လို့ သတိပေးထားပြီး ရေကြီးရေလျှံဖြစ်နိုင်တဲ့ နေရာတွေကို အထူးစောင့်ကြည့်ဖို့ အသိပေးထားပါတယ်။

ဒါ့အပြင် ချင်းရိုင်ဒေသက ဒွိုင်လွမ်၊ ခွန်ကျဲ၊ လမ်းနမ်ကော့ စတဲ့ အမျိုးသားဥယျာဉ်တွေဟာလည်း မိုးရာသီအတွင်း ခရီးသွားလုပ်ငန်းတွေကို ဆက်လက်ယာယီပိတ်ထားဆဲ ဖြစ်ပါတယ်။

#ရာသီဥတု

#သဘာဝဘေး

#တောဝက်၁၃ကောင်

#ထမ်လွမ်ဂူ

#မယ်ဆိုင်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin