Language:

မယ်ဆိုင်ချောင်းပေါ်က ထိုင်းအစိုးရပိုင်အဆောက်အဦ (၁၄) လုံး ဖြိုဖျက်ရေး ဆွေးနွေး


မယ်ဆိုင်ချောင်းပေါ်က ထိုင်းအစိုးရပိုင်အဆောက်အဦ (၁၄) လုံး ဖြိုဖျက်ရေး ဆွေးနွေး

၂၈ ဩဂုတ် ၂၀၂၆ (Eastern ThanLwin)

Nc

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်မှာ ရေကြီးရေလျှံမှု လျှော့ချနိုင်ဖို့ မယ်ဆိုင်ချောင်းရဲ့ ရေစီးလမ်းကြောင်းကို ပိတ်ဆို့နေတဲ့ အစိုးရပိုင်အဆောက်အအုံ (၁၄) လုံးကို ဖြိုဖျက်ရေးကိစ္စနဲ့ ပတ်သက်ပြီး အောက်လွှတ်တော် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကော်မတီက ဒေသအာဏာပိုင်တွေနဲ့ ဩဂုတ် (၂၇) ရက်နေ့မှာ ဆွေးနွေးခဲ့ပါတယ်။

အစည်းအဝေးမှာ အဆောက်အအုံဖြိုဖျက်ရေး လုပ်ငန်းစဉ်၊ ကုန်ကျစရိတ်၊ ပြီးစီးမယ့်အချိန်နဲ့ ဥပဒေအရ ဆောင်ရွက်ရမယ့် အချက်တွေကို အဓိကထားပြီး အပြန်အလှန် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီအဆောက်အအုံ (၁၄) လုံးဟာ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနပိုင် ရာဇပဿဒု မြေပေါ်မှာ တည်ရှိတာဖြစ်ပြီး ဖြိုဖျက်ရေးအတွက် ဘတ် (၃၉) သန်းကျော် သုံးစွဲဖို့ လျာထားတာဖြစ်ပါတယ်။

အစိုးရပိုင် အဆောက်အဦနဲ့ပါတ်သတ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဧပြီ (၁၀) ရက်နေ့ကတည်းက ငှါးရမ်းစာချုပ်တွေကို ဖျက်သိမ်းပေးထားပြီး ဖြစ်ပါတယ်။

ထိုင်းအစိုးရက မယ်ဆိုင်ရေကြီးမှုကို ရေရှည်ဖြေရှင်းနိုင်ဖို့ ရေလမ်းပိတ်ဆို့နေတဲ့ အဆောက်အအုံတွေ ဖယ်ရှားတာ၊ ယာယီရေကာတာနဲ့ Big Bag ရေတားအိတ် အကာအရံတွေ တည်ဆောက်တာအပြင် ရေကာတာ၊ မြစ်ကမ်းပါးကာကွယ်ရေးနဲ့ ရေစီးဆင်းမှုစနစ် အဆင့်မြှင့်တင်ရေးအတွက် ဘတ် (၂.၉၅) ဘီလီယံ တန်ဖိုးရှိ ရေရှည်စီမံကိန်းကိုလည်း လေ့လာရေးဆွဲနေပါတယ်။

#အစိုးရအဆောက်အအုံ

#ဘဏ္ဍာရေးဝန်ကြီးဌာန

#အာဏာပိုင်

#ဆွေးနွေးပွဲ

#မယ်ဆိုင်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin