Language:

၂၀၂၈ မှာ မြန်မာကိုယ်စားပြု အာကာသယာဥ်မှူးစေလွှတ်ဖို့ ရုရှားနဲ့ ဆွေးနွေးခဲ့ဟုဆို


၂၀၂၈ မှာ မြန်မာကိုယ်စားပြု အာကာသယာဥ်မှူးစေလွှတ်ဖို့ ရုရှားနဲ့ ဆွေးနွေးခဲ့ဟုဆို

၂၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ရုရှားချစ်ကြည်ရေးခရီးစဥ်ကနေ မြန်မာအာကာသယာဉ်မှူး စေလွှတ်ရေးက အရေးကြီးဆုံးအချက်အဖြစ် ညှိုနှိုင်းဆွေးနွေးမှုတွေ ပါ၀င်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားလိုက်ပါတယ်။

“အာကာသနှင့် ဂြိုဟ်တုနည်းပညာနဲ့ပတ်သက်ပြီး ‌အဓိက ၄ ခု ဆွေးနွေးခဲ့ပါတယ်။ ၂၀၂၈ မှာ မြန်မာအာကာသယာဉ်မှူးကို အာကာသယာဉ်နဲ့ စေလွှတ်နိုင်ရေးက အဓိကအရေးကြီးဆုံးအချက်ပါ။ ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေး Station၊ GNSS Station ၊ အာကာသဆိုင်ရာ စောင့်ကြည့်ကာကွယ်တဲ့ Station တွေ မြန်မာပြည်မှာတည်ဆောက်ဖို့ MOU ထိုးနိုင်ခဲ့ပါတယ်” လို့ ‌ဒေါက်တာခိုင်ခိုင်စိုးက ခရီးစဥ်အပြီး မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေး Station မြန်မာမှာတည်ဆောက်ဖို့၊ GNSS Station တည်ဆောက်ဖို့၊ အာကာသကနေ ကမ္ဘာမြေအနီးမှာ အာကာသအန္တရာယ် ကျရောက်နိုင်တဲ့ အရာတွေကိုစောင့်ကြည့်ပြီး ကာကွယ်ဖို့အတွက် Station တည်ဆောက်နိုင်ရေးတွေအတွက် MOU ရေးထိုးခဲ့တယ်လို့လည်း ဒေါက်တာခိုင်ခိုင်စိုးက ဆိုပါတယ်။

GNSS ဆိုတာကတော့ ကမ္ဘာမြေပေါ်ရှိ တည်နေရာနှင့် သွားလာမှုများကို ဂြိုဟ်တုစနစ်များမှတစ်ဆင့် တိကျစွာ သိရှိနိုင်ရန် အသုံးပြုတဲ့ နည်းပညာဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် မြေပြင်တည်နေရာတိုင်းတာမှုတွေမှာ အဓိက အသုံးပြုနေတာဖြစ်ပါတယ်။

အလားတူ ကမ္ဘာမြေအနီးကို ကျရောက်လာနိုင်တဲ့ အာကာသအန္တရာယ်ရှိ အရာဝတ္ထုများကို အာကာသမှ စောင့်ကြည့်ပြီး ကြိုတင်ကာကွယ်နိုင်ရန် Station တည်ဆောက်ရေးကိုလည်း ခရီးစဥ်အတွင်း ညှိုနှိုင်းဆွေးနွေးမှုတွေရှိဲခဲ့တယ်လို့ သိရပါတယ်။

#နည်းပညာ

#အာကသယာဉ်မှူး

#ဂြိုလ်တု

#မြန်မာ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin