၁၉ အောက်တိုဘာ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ ၊ ကိုရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို အောက်တိုဘာ (၁၉)ရက်က မကာဟိုခမ်းရပ်ကွက် အောင်မြတ်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားတဲ့ ဧည်သည့်တော်များ စုစုပေါင်း လူဦးရေ (၄၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးဝန်ကြီးဌာနက နယ်မြေခံ တပ်များနဲ့ အထွေထွေအုပ်ချုပ်ဦးစီးဌာနတို့ကို MRTV DTH (၁၀)စုံ ၊ SKY NET DTH (၁၀)စုံ CANAL+ (၁၀)စုံ MYANSAT DTH ( ၅)စုံ တို့ကို ထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဆက်လက်ပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲမှာ တာချီလိတ်မြို့ရှိ အခြေခံပညာအထက်ကျောင်း (၅)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “လူငယ်နှင့်ဆိုရှယ်မီဒီယာ” ၊ “လူငယ်နှင့်အားကစား” ၊ “လူငယ်နှင့်စာရိတ္တ” ၊ “လူငယ်နှင့်စာပေ” စတဲ့ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနဲ့ တက်ရောက်လာတဲ့ ဧည့်သည်တော်များကို အ.ထ.က ဟောင်လိတ်ကျောင်းနဲ့ အ.ထ.က တာချီလိတ်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူတွေက သီချင်း၊ အကများနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။
#“လူငယ်စကားဝိုင်း”

