၁၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
ဧရာဝတီတိုင်းဒေသကြီးအတွင်း အဆိုးဝါးဆုံး ရေဘေးသင့်ခဲ့ရတဲ့ လေးမျက်နှာနဲ့ ငသိုင်းချောင်းမြို့နယ်ထဲက ဒေသခံတွေကို ဖိုးချစ်ဇာတ်သဘင်နဲ့ ကပြဖျော်ဖြေသွားဖို့ စီစဉ်ထားတယ်လို့ တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစပြီး လေးမျက်နှာမြို့နယ်အတွင်းမှာ ငဝန်တာကျိုးခဲ့တာကြောင့် မြို့နယ် (၆) ခု အတွင်းရှိ ကျေးရွာပေါင်း ရာနဲ့ချီကာ ရေဝင်နစ်မြုပ်ခဲ့ပြီး ဒေသခံ သိန်းနဲ့ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။
အဲဒီလို ရေဘေးအန္တရာယ်ကြုံခဲ့ရတဲ့ဒေသခံတွေရဲ့ စိတ်ခွန် အား ပြန်လည်မြှင့်တင်နိုင်ရေးအတွက် လေးမျက်နှာမြို့နယ်နဲ့ ငါးသိုင်းချောင်းမြို့တို့မှာ ဖိုးချစ်ဇာတ်သဘင်နဲ့ ကပြဖျော်ဖြေသွားဖို့ တိုင်းအစိုးရအဖွဲ့က စီစဉ်ထားတယ်လို့ သိရပါတယ်။
” ဗလာပွဲ ဖြစ်မလား ၊ ရုံပွဲလားတော့ မသိဘူး။ ကမှာတော့ ဟုတ်တယ်။ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်ကမှာ ” လို့ လေးမျက်နှာမြို့ခံ တစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။
တိုင်းအစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ လေးမျက်နှာမြို့၊ အမှတ် (၁) ရပ်ကွက်၊ သံသရာငြိမ်းအေး စတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီး ဘုရားဝန်းအတွင်း၌ လာမယ့် နိုဝင်ဘာ (၁) ရက်နဲ့ (၂) ရက် ညများတွင် ကပြဖျော်ဖြေသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ (၃) ရက်နဲ့ (၄) ရက် ညတွေမှာ ငါးသိုင်းချောင်းမြို့၊ ဘောလုံးကွင်းမှာ ဆက်လက်ပြီး ကပြဖျော် ဖြေသွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လေးမျက်နှာအပါအဝင် ရေဝင်နစ်မြုပ်ခဲ့တဲ့ ဒေ သတွေမှာ ရေပြန်ကျသွားပြီဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ မိမိတို့ရဲ့ နေအိမ်တွေမှာ ပြန်လည်နေထိုင်လျက်ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

