အောင်ပန်းမြို့မှာ ယာဉ်နှစ်စီး မတော်တဆ တိုက်မိရာ ကလေးငယ်( ၂)ဦး ထိခိုက်ဒဏ်ရာရ


အောင်ပန်းမြို့မှာ ယာဉ်နှစ်စီး မတော်တဆ တိုက်မိရာ ကလေးငယ်( ၂)ဦး ထိခိုက်ဒဏ်ရာရ

၁၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

TNA

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်စျေးဆိုင်တန်းရှေ့ အနီးလမ်းမ၌ ကားနှစ်စီး မတော်တဆ တိုက်မိရာက ကလေးငယ်( ၂)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နာရေးကူညီမှုအသင်းအောင်ပန်းထံက သိရပါတယ်။

ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာ (၁၈)ရက် ည (၇) နာရီဝန်းကျင်အချိန်က အဆိုပါ နေရာ၌ ယာဉ်နှစ်စီး မတော်တဆ တိုက်မိမှုဖြစ်ပွားတယ်လို့ သတင်းအရ အသင်းမှ ကူညီရန်သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဇောတိရပ်ကွက်နေ ကလေးငယ် (၂)ဦးအား အောင်ပန်းဆေးရုံအပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#အောင်ပန်းမြို့

#ယာဉ်တိုက်မှု

#ထိခိုက်ဒဏ်ရာရ

ဆက်စပ်သတင်းများ

Eastern Thanlwin