၁၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
ဘန်ကောက်မြို့မှာ ရှိတဲ့ တရုတ်သံရုံးက ထိုင်းနိုင်ငံက ခရီးသွားတွေကို သတိကြီးကြီး ထားကြဖို့ တရုတ်သံရုံးက သတိပေး ပြောဆိုလိုက်ပါတယ်။
သတိပေးချက်အသစ် ထုတ်ပြန်ချက်ကို အောက်တိုဘာ ၁၆ ရက် သောကြာနေ့မှာ သံရုံးဝက်ဘ်ဆိုက်တင်ခဲ့ကာ ထိုင်းနိုင်ငံကို ရောက်လာပြီးနောက် ပျောက်ဆုံးသွားတဲ့ တရုတ်နိုင်ငံသားတွေ ရှိလာလို့ အဆက်အသွယ် ပြတ်သွားတဲ့ အမှုတွေလည်းများလာကာ အချို့သူတွေကို ထိုင်း- မြန်မာ နယ်စပ်ဆီ လိမ်လည်ခေါ်ဆောင်သွားတယ်လို့ ဆိုပြီး အချို့သူတွေဟာ တရားမဝင် ထိန်းသိမ်းတာကို ခံခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
ရာဇဝတ်ဂိုဏ်းတွေက လစာ အရမ်းမြင့်တဲ့ အလုပ်တွေကို ကမ်းလှမ်းတာဖြစ်ပြီး စီးပွားရေး တွေ့ဆုံမှု ဆိုတာကိုလည်း အကြောင်းပြတာဖြစ်ပြီး ရင်းနှီးမြှုပ်နှမှု အခွင့်အလမ်း ဆိုတာကိုလည်း ပြောဆိုကြကာ စီမံကိန်းဖိတ်ကြားချက်ဆိုတာကိုလည်း အသုံးပြုကြတယ်လို့ ဆိုပါတယ်။
“ဒီနည်းလမ်းတွေနဲ့ လူတွေကို ထိုင်းနိုင်ငံကို ခေါ်ယူကြတယ်။ လူတွေရဲ့ အသက်နဲ့ ပစ္စည်းဥစ္စာအတွက် အန္တရာယ်အရမ်းကြီးတယ်လို့ သံရုံးက ပြောတယ်။ မကြာသေးခင်က အမှုတွေမှာ တိုက်ရိုက် ထုတ်လွှင့်သူတွေ ပါလာတယ်။ အနုပညာ လုပ်ငန်း လုပ်သူတွေလည်း ပစ်မှတ် ဖြစ်လာတယ်။ အလုပ်တု ကမ်းလှမ်းချက်တွေနဲ့ သူတို့ကို လိမ်လည်ကြတယ်။ သရုပ်ဆောင်၊ မော်ဒယ်နဲ့ အွန်လိုင်း နာမည်ကျော်တွေကိုလည်း ပစ်မှတ်ထားတယ်” လို့ ဆိုပါတယ်။
သံရုံးက ခရီးသွားတွေကို ခရီးစဉ် သေချာ စီစဉ်ကြဖို့ ပြောတယ်။ တရားဝင် သယ်ယူပို့ဆောင်ရေးကိုပဲ အသုံးပြုကြဖို့ ပြောတယ်။ လိုင်စင် ရှိတဲ့ ဝန်ဆောင်မှုတွေကိုပဲ ရွေးကြဖို့ ပြောတယ်။ အခမဲ့ လိုက်ပို့မယ့် ကားတွေကို ငြင်းပယ်ကြဖို့ ပြောတယ်။
နယ်စပ် တစ်ဖက်မှာ အွန်လိုင်း လိမ်လည်မှုဌာနတွေ ရှိနေလို့ လိမ်လည် ခေါ်ဆောင်ခံရသူတွေကို အဲဒီဌာနတွေမှာ အတင်းအကျပ် အလုပ်လုပ်ခိုင်းတတ်တာကြောင့် မသွားခင် သတိထားတာက အကောင်းဆုံး ကာကွယ်နည်း ဖြစ်တယ်လို့ ဆိုပါတယ်။
