Language:

တာချီလိတ်မြို့မှာ မြန်မာ -လာအို U – 18 ချစ်ကြည်ရေးဘောလုံးပွဲ အခမဲ့ ကြည့်နိုင်မည်


တာချီလိတ်မြို့မှာ မြန်မာ -လာအို U – 18 ချစ်ကြည်ရေးဘောလုံးပွဲ အခမဲ့ ကြည့်နိုင်မည်

၁၀ စက်တင်ဘာလ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ မြန်မာ-လာအို နှစ်နိုင်ငံ ယူ-၁၈ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ (၁၁) ရက် ယနေ့ညနေ (၃) နာရီခွဲအချိန်မှာ တာချီလိတ်မြို့မအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဲ့ဒီ ဘောလုံးပြိုင်ပွဲကို မြို့ဒေသခံတွေအနေနဲ့ ကွင်းဝင်းကြေးပေးစရာ မလိုဘဲ အခမဲ့ ဝင်ရောက် အားပေးနိုင်တယ်လို့ တာချီလိတ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက သိရပါတယ်။

အဆိုပါ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မြန်မာ – လာအို နှစ်နိုင်ငံ နယ်ခြား ဆက်ဆံရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး တာချီလိတ်မြို့ရှိ လုပ်ငန်းရှင်များကလည်း ပြိုင်ပွဲဖြစ်မြှောက်ရေးအတွက် လိုအပ်တာများကို ဝိုင်းဝန်းပူပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

“ ကျောင်း(၂) ကျောင်းက ဘင်ခရာ (၂) အဖွဲ့ နဲ့ တိုင်းရင်းသား ရိုးရာအကတွေနဲ့ ဖျော်ဖြေသွားဖို့ရှိပါတယ်။ ကွင်းဝင်းကြေးပေးစာမလိုပါဘူး။ တာချီလိတ်မြို့ကသူတွေလည်း ကွင်းထဲကို ဝင်ပြီးအားပေးလို့ရပါတယ်။”လို့ တာချီလိတ် အာကာမှူး ဦးသန်းလှိုင်က အရှေ့သံလွင် သတင်းမီဒီယာဌာနကို ပြောပါတယ်။

မြန်မာ-လာအိုချစ်ကြည်ရေးဘောလုံးပွဲကို သံအမတ်ကြီးများ၊ သံရုံးအရာထမ်းများ၊ ဌာနဆိုင်ရာများနှင့် နယ်ခြား ဆက်ဆံရေးကော်မတီအသင်းဝင်များ တက်ရောက်ကြမှာဖြစ်ပြီး ဘောလုံးပြိုင်ပွဲအပြီးမှာ နှစ်နိုင်ငံ ကစားသမားများကို ဆုတံဆိပ်များပေးအပ်ချီးမြှင့်သွားမှာဖြစ်ပြီး ဟိုတယ်မှာ ညစာစားပွဲ ပြုလုပ်သွားမယ်လို့ ဩဂုတ် ( ၂၇) ပြုလုပ်ခဲ့တဲ့ ညှိနှိုင်းအစည်းအဝေးမှာပြောကြားထားပါတယ်။

U-18 လူငယ်ချစ်ကြည်ရေးဘောလုံးပွဲကနေတစ်ဆင့် နှစ်နိုင်ငံအကြားနှင့် လူငယ်များကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာစေရန်နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်မှုများ ပိုမိုမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

#တာချီလိတ်မြို့

#မြန်မာ-လာအို

#ဘောလုံးပွဲ

#ချစ်ကြည်ရေးခြေစမ်းပွဲ

#ယဉ်ကျေးမှုဖလှယ်ပွဲ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin