Language:

ဒေါပုံမှာ စိတ်‌ဝေဒနာခံစားနေရသူက ဓါးနဲ့ထိုးလို့ (၈)နှစ်အရွယ် ကလေးငယ်သေဆုံးပြီး အဖွားဖြစ်သူ ဒဏ်ရာရ


ဒေါပုံမှာ စိတ်‌ဝေဒနာခံစားနေရသူက ဓါးနဲ့ထိုးလို့ (၈)နှစ်အရွယ် ကလေးငယ်သေဆုံးပြီး အဖွားဖြစ်သူ ဒဏ်ရာရ

၁၈ သြဂုတ် ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံ ရပ်ကွက်တွင် စိတ်ဝေတနာခံစားနေရသူက ဓါးနဲ့ထိုးတဲ့အတွက် အသက် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး အဖွားဖြစ်သူ ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သွားရောက်ကူညီခဲ့သူတွေထံက သိရပါတယ်။

ဒီကနေ့ မနက် (၈)နာရီ မိနစ်(၂၀)ဝန်းကျင်က ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်က နေအိမ်တိုက်ခန်းတစ်ခုမှာ ကျောင်းသွားဖို့ပြင်နေတဲ့ ကလေးငယ်ကို စိတ်ရောဂါ ဝေဒနာခံစားနေရသူက ဓါးနဲ့ဝင်ထိုးခဲ့တာဖြစ်ပြီး ကလေးငယ်ဟာနေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

“ကလေးက ကျောင်းသွားဖို့ စာအုပ်ထည့်နေတုန်း ဖြစ်သွားတာ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူဟာ တစ်တိုက်တည်းနေထိုင်တဲ့ စိတ်မနှံ့သူဖြစ်ပြီး အခင်းဖြစ်စဉ်ဖြစ်ပွားစဉ် ဝင်ရောက်ကူညီခဲ့တဲ့ ကလေးငယ်ရဲ့ အဖွားဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့တဲ့အတွက် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့လည်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

#စိတ်ရောဂါ

#ကျန်းမာရေး

#မှုခင်း

#ဒေါပုံ

#ရန်ကုန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin