၁၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin Media)
ကြည်ညို
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းလွင်ကုန်း၏ မြောက်ဘက် လဂွန်းပြင်ချောင်း၏ တောင်ဘက်အနီးမှာ တည်ရှိတဲ့ တချိန်က ရှေးဟောင်းမြို့တစ်မြို့ ဟာ လက်ရှိအချိန်မှာတော့ ခြုံနွယ်ပိတ်ပေါင်းများအကြား ထိန်းသိမ်းစောင့်ရှောက်သူမရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ဟံသာ၀တီခေတ်ရဲ့ ၃၂ မြို့စာရင်း၀င် တချိန်ကသမိုင်း၀င်မြို့တစ်မြို့ဖြစ်ခဲ့ပြီး မုတ္တမမြို့မှ လကွန်းဗျည်းအမတ် လာရောက်နေထိုင်ခဲ့တဲ့မြို့အဖြစ် သမိုင်းမှတ်တမ်းတွေအရ သိရှိရပါတယ်။
ကွန်းဗျည်းမြို့ဟာ အရှေ့အနောက်အလျား ၂ မိုင်ခန့် ဧရိယာအားဖြင့်ကျယ်၀န်းကာ လဂွန်းပြင်ချောင်းကို မေးတင်ကာ တချိန်ကစည်ကားခဲ့တဲ့ မြို့အဖြစ် သမိုင်းမှတ်တမ်းတချို့မှာ ဖော်ပြထားပါတယ်။ လက်ရှိ လူသူအရောက်ပေါက်နည်းပြီး ပျောက်ကွယ်လုနီးပါး လဂွန်းဗျည်းမြို့ဟောင်းရဲ့ ပုံရိပ်တွေကို အရှေ့သံလွင်မီဒီယာက သွားရောက်မှတ်တမ်းတင်ခဲ့ပြီး ပြန်လည်ဖော်ပြ တင်ဆက်လိုက်ရပါတယ်။

