Language:

ရှမ်းလွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေးမှာ အဆို(၃)ခု မေးခွန်းပေါင်း(၁၄၀)ကျော်ဆွေးနွေးဖို့ရှိ


ရှမ်းလွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေးမှာ အဆို(၃)ခု မေးခွန်းပေါင်း(၁၄၀)ကျော်ဆွေးနွေးဖို့ရှိ

၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ရှမ်းပြည်နယ် လွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေးကို သြဂုတ် (၁၃)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အဆို(၃)ခု ကြယ်ပွင့်ပြမေးခွန်း (၉၀)ကျော် ကြယ်ပွင့်မပြ (၅၀)ကို ဆွေးနွေးဖို့ ရှိတယ်လို့ ပြည်နယ်ဥက္ကဌက ပြောဆိုလိုက်တာဖြစ်ပါတယ်။

တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ သြဂုတ်(၆)ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌအပါအဝင် ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံများတွေ့ဆုံပွဲမှာ ပြည်နယ်လွှတ်တော် ဥက္ကဌက ဦးစိုင်းလုံးကျော်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ရှမ်းပြည်လွှတ်တော်ရဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ပုံမှန်ဆွေးနွေးမှုတွေမှာတွေလုပ်ခဲ့ပါတယ်​ ကြယ်ပွင့်ပြမေးခွန်းဆိုရင် ပြည်နယ်ဝန်ကြီးတွေက သူတို့နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို လာရောက်ဖြေကြားပေးပါတယ်။ ကြယ်ပွင့်မပြဆိုရင်တော့ လူကိုယ်တိုင်လာစရာမလိုပါဘူး”လို့ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးကျော်က ပြောပါတယ်။

လာမယ့် သြဂုတ်(၁၃)ရက်နေ့မှာ တောင်ကြီးမြို့ ရှမ်းပြည်နယ်လွှတ်တော်မှာ ကျင်းပမယ့် တတိယအကြိမ် ပုံမှန်အစည်းအဝေးမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွတ်ရန်ပုံငွေအတွက် ဆွေးနွေးမှုတွေပြုလုပ်မှာဖြစ်ပြီး ဆွေးနွေးမှုရလာဒ်တွေကို ပြည်ထောင်စုအစိုးရဆီ ဆက်လက်တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်ရဲ့ ပထမအကြိမ်စည်းအဝေးမှာ အဆိုနဲ့ မေးခွန်းတွေမရှိခဲ့ဘဲ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးမှာတော့ ကြယ်ပွင့်ပြ(၇၀) ကြယ်ပွင့်မပြမေးခွန်းပေါင်း (၁၆၅)ခုဆွေးနွေးခဲ့ကြပြီး အဆိုတင်ပြဆွေးနွေးတာ မရှိဘူးလို့ သိရပါတယ်။

#တတိယအကြိမ်ပုံမှန်အစည်းအဝေး

#လွှတ်တော်ဥက္ကဌ

#ဦးစိုင်းလုံးကျော်

#ရှမ်းပြည်နယ်လွှတ်တော်

#အောင်မြတ်ခန်းမ

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin