၁၆ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
မြန်မာနိုင်ငံမှ အသက် ၇၉ နှစ်အရွယ် ဘူမိဗေဒနှင့် ငလျင်ဗေဒပညာရှင် ဒေါ်လှလှအောင်သည် ၂၀၂၆ ခုနှစ်အတွက် အာဆီယံ၏ ဂုဏ်သိက္ခာရှိသော ASEAN Prize ဆုကို ရရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ယနေ့ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အခမ်းအနား၌ ဆုပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်လှလှအောင်ကိုယ်တိုင် တက်ရောက်လက်ခံရယူခဲ့သည်။
ဒေါ်လှလှအောင်သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် ဘေးဒဏ်ခံနိုင်ရည်မြှင့်တင်ရေးလုပ်ငန်းများတွင် နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ သိပ္ပံပညာဆိုင်ရာ အသိပညာများကို လူထုအတွက် လက်တွေ့အသုံးဝင်သည့် ဖြေရှင်းနည်းများအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ခြင်းကြောင့် ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း အာဆီယံက ထုတ်ပြန်ထားသည်။
ဆုပေးပွဲတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့က ဆုတံဆိပ်ကို ပေးအပ်ခဲ့ကြသည်။
ဒေါ်လှလှအောင်သည် ASEAN Prize ဆုတံဆိပ်အပြင် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကိုလည်း ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ASEAN Prize ရရှိသည့် ၉ ဦးမြောက်ဆုရှင် ဖြစ်လာခဲ့သည်။

