၆ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ရန်ကုန်မြို့တွင်း YBS ဘတ်စ်ကားတွေ ပုံမှန်အတိုင်း ပြေးဆွဲနိုင်ခြင်း မရှိတော့တာကြောင့် ခရီးသည်တွေအနေနဲ့ ကားစောင့်ရတဲ့အချိန် ပိုမိုကြာမြင့်လာပြီး သွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့ခံတို့က ဆိုပါတယ်။ အဓိကအားဖြင့် CNG ဓာတ်ငွေ့ရရှိမှု အခက်အခဲကြောင့် ဘတ်စ်ကားတွေ လုံလောက်တဲ့ အရေအတွက်နဲ့ လမ်းပေါ်မထွက်နိုင်ဘဲ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် CNG ဆိုင်တွေမှာ ဓာတ်ငွေ့ဖြည့်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။

