MLBB ကမ္ဘာ့ချန်ပီယံဂုဏ်ပုဒ်ပိုင်ဆိုင်နိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ Yangon Galacticos (YG)


MLBB ကမ္ဘာ့ချန်ပီယံဂုဏ်ပုဒ်ပိုင်ဆိုင်နိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ Yangon Galacticos (YG)

၃၁ ဇူလိုင်လ ၂၀၂၆ (Eastern Thanlwin)

NC

နိုင်ငံအတွက် Pubg mobile ကဲ့သို့ ကမ္ဘာ့ချန်ပီယံ ဂုဏ်ပုဒ်ပိုင်ဆိုင်နိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ Mobile Legends: Bang Bang (MLBB)

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပလျက်ရှိသည့် Mobile Legends: Bang Bang (MLBB) ၏ MSC at EWC 2026 တွင် ယှဉ်ပြိုင်လျှက်ရှိတဲ့ မြန်မာအသင်း Yangon Galacticos (YG)ဟာ ယနေ့ညနေမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဖိလစ်ပိုင်အင်အားကြီး Team Falcons PH ကိုBest of 5 ကစားခဲ့ရာ 3-2 ဆိုတဲ့ရလဒ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပီး Grand Finalကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့ ပြီဖြစ်ပါတယ်။

Grand Final ကိုတော့ မနက်ဖြန် Aug 1 ရက်နေ့ ညနေမှာ အင်ဒိုနီးရှားထိပ်သီး Onic vs Team Spirit တို့ပွဲက အနိုင်ရရှိတဲ့ အသင်းနဲ့ Best of 7 ယှဉ်ပြိုင်ကစာပြီး ချန်ပီယံလုရမှာဖြစ်ပါတယ်။ M 2 ပြိုင်ပွဲမှာ မြန်မာအသင်း BG၊ Grand Final ရောက်ရှိခဲ့ပီး ၅နှစ်ကျော်အကြာမှာ MLBB လောကအတွက် ပြန်လည်ရင်ခုန်ရမဲ့အချိန်ကို ရောက်ရှိလာခဲ့တာဖြစ်သလို YG (Pubg mobile) ကဲ့သို့ ကမ္ဘာ့ချန်ပီယံ ပထမဆုံးရရှိတဲ့ YG (MLBB) အသင်းအဖြစ် သမိုင်းသစ်ရေးထိုးနိုင်ဖို့ အနီးစပ်ဆုံး အနေအထားရောက်ရှိနေခဲ့တာပါ။

# PubgMobile

#ကမ္ဘာ့ချန်ပီယံ

#MLBB

#Grand Final

#YangonGalacticos(YG)

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin