မိုင်းယောင်းကို တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)စာအုပ် မလုပ်ပေးသေး


မိုင်းယောင်းကို တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)စာအုပ် မလုပ်ပေးသေး

၃၁ ဇူလှိုင် ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

ရှမ်းပြည်နယ် မိုင်းယောင်းမြို့နယ်အတွက် မြန်မာ-ထိုင်း နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Border Pass) စာအုပ်ထုတ်လုပ်ပေးရန် အစီစဥ်မရှိ သေးဘူးလို့ ပြည်ထောင်စု လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မိုင်းယောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

မိုင်းယောင်း မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်းရဲ့ ကြယ်ပွင့်မပြ မေးခွန်းနဲ့ မိုင်းယောင်းမြို့နယ်အတွင်း နေထိုင်သူတွေကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP) တစ်နှစ်စာစာအုပ်ကို ပြုလုပ်ပေးဖို့ အစီအစဉ် ရှိ/မရှိ လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP) တစ်နှစ်စာ စာအုပ်ကို ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ တာချီလိတ်မြို့ နဲ့ မိုင်းဖြတ်မြို့ နှစ်မြို့မှာ အိမ်ထောင်စုဇယား ပုံစံ(၁၀)နဲ့ နေထိုင်သူတွေကိုသာ ပြုလုပ်ပေးတာ ဖြစ်ပြီး နေ့စဉ် စာအုပ်လာလုပ်သူ လူဦးရေ(၁၅၀)ခန့်ရှိပြီး ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) စာအုပ်လာလုပ်သူ လူဦးရေ(၄၀၀၀)ခန့်ရှိတယ်လို့ ဝန်ကြီးဌာနက ပြန်လည်ဖြေဆိုထားတာဖြစ်ပါတယ်။

လဝက ဝန်ကြီးဌာနက ဆက်လက်ပြီး မိုင်းယောင်းမြို့နယ် အိမ်ထောင်စုစာရင်းပုံစံ(၁၀)ရှိ ဒေသခံပြည်သူတွေအနေနဲ့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP)စာအုပ်လုပ်မည်ဆိုပါက တာချီလိတ်မြို့ အိမ်ထောင်စုစာရင်းကို ပြောင်းလဲပြီးတော့လုပ်မှသာ လုပ်ခွင့်ရမယ်လို့လည်း ဖြေကြားထားပါတယ်။

ယခင်က မိုင်းယောင်းမြို့နယ်ဟာ တာချီလိတ်ခရိုင်အောက်တွင်ရှိနေပြီး ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၃၀) ရက်နေ့မှာ တာချီလိတ်ခရိုင်အား တာချီလိတ်မြို့နယ် နှင့် မိုင်းဖြတ်မြို့နယ် (၂) မြို့နယ်နဲ့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး မိုင်းယောင်းမြို့နယ်ကိုတော့ မိုင်းယောင်းခရိုင် တစ်မြို့နယ်၊ တစ်ခရိုင်အဖြစ် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

#နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်

#BPလက်မှတ်

#လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန

#မိုင်းယောင်းမြို့နယ်

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin