၂၈ အောက်တိုဘာ ၂၀၂၆
(Eastern Thanlwin)
ဇင်ကြီး
တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဆွတ်ဆိုင်ကျေးရွာအနီး တောင်ဖြိုချပြီး ရောင်းချနေတဲ့ မြေသယ်ကားတွေကြောင့် လမ်းတစ်လျှောက် လမ်းသားများပျက်စီးနေပြီး ဖုန်များတက်ကာ ဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေ အခက်အခဲတွေ့နေရတယ်လို့ အရှေ့သံလွင်သတင်းမီယာက စုံစမ်း သိရှိရပါတယ်။ အဆိုပါ မြေသယ်ကားများသည် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီး မြေကွက်သစ်တွေအနီး တောင်ပေါ်မြေများကို ဖြိုချသယ်ယူပြီး တာချီလိတ် အနောက်မြို့ပတ်လမ်း ရန်အောင်မြေရပ်ကွက်အတွင်းရှိ လယ်မြေ/ယာမြေများသို့ သယ်ဆောင် မြေဖို့နေကြတာလို့ သိရပါတယ်။

