Language:

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ Express ကားတွေ ကုန်ပစ္စည်းတင်ဆောင်ခွင့်မရှိ၊ ဖောက်ဖျက်ရင် အရေးယူမည်


ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ Express ကားတွေ ကုန်ပစ္စည်းတင်ဆောင်ခွင့်မရှိ၊ ဖောက်ဖျက်ရင် အရေးယူမည်


၂၈ အောက်တိုဘာ ၂၀၂၆

(Eastern ThanLwin )

ကြည်ညို

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပြေးဆွဲနေတဲ့ ခရီးသည်တင် Express ကားတွေအနေနဲ့ ခရီးသည်တွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကလွဲပြီး အခြားကုန်ပစ္စည်းတွေ တင်ဆောင်တာမျိုး မလုပ်ကြဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး ကုန်ပစ္စည်းတွေ တင်ဆောင်လာတာကို စစ်ဆေးတွေ့ရှိရင် အမြန်လမ်းမကြီးများဥပဒေအရ အရေးယူသွားမှာဖြစ်သလို အမြန်လမ်းအသုံးပြုခွင့်ကိုပါ ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Eastern Thanlwin