၂၄ ရက်၊ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
တာချီလိတ်မြို့တွင် အဆောက်အအုံများ ဆောက်လုပ်ရာ၌ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး (Safety) ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စံနှုန်းများကို စည်ပင်သာယာရေးဦးစီးဌာနက ညွှန်ကြားထားပေမယ့် ဆောက်လုပ်ရေး ကန်ထရိုက်နဲ့ အင်ဂျင်နီယာများမှ လိုက်နာမှုမရှိဘဲ လုပ်ငန်းခွင်များမှာ ဆောက်လုပ်နေတာတွေရှိနေတယ်လို့ အရှေ့သံလွင်သတင်းမီဒီယာက စုံစမ်းသိရှိရပါတယ်။
အရှေ့သံလွင်သတင်းဌာနမှ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆိုင်ရာ ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာခြင်းမရှိတဲ့ ဆောက်လုပ်ဆဲ အဆောက်အဦးနဲ့ပါတ်သတ်ပြီး ဆောက်လုပ်နေတဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာကို စည်ပင်ညွှန်ကြားမှုနဲ့ပါတ်သတ်ပြီး မေးမြန်းခဲ့ရာ ဖြေကြားရန် ငြင်းဆိုခဲ့ပါတယ်။
“ညွှန်ကြားထားတာတော့ ရှိပါတယ်။ စည်းကမ်းတွေနဲ့ပတ်သတ်ပြီး ဖြေကြားဖို့ အချိန်မရှိလို့ပါ”ဟု စည်းကမ်းလိုက်နာခြင်းမရှိတဲ့ ဆောက်လုပ်ဆဲ လုပ်ငန်းခွင်မှ အင်ဂျင်နီယာ ဦးကျော်ထက်လင်းက ဖြေဆိုပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီး လမ်းသွားလမ်းလာများနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများ အန္တရာယ်မဖြစ်ပွားစေရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ညွှန်ကြားထားပေမယ့် လုပ်ငန်းရှင်များက လိုက်နာခြင်းမရှိပါ။
တာချီလိတ်မြို့နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ ဘေးကင်းရေးဆိုင်ရော ညွှန်ကြားချက်များနဲ့ပါတ်သတ်ပြီး စည်ပင်သာယာရေး ဦးစီးဌာနက သက်ဆိုင်ရာ ဆောက်လုပ်ဆဲ လုပ်ငန်းခွင်များကို သတ်မှတ်ချက်စည်ကမ်းများ လိုက်နာဖို့အတွက် ညွှန်ကြားထားတာတွေရှိတယ်လို့ စည်ပင်သာယာရေးဦးစီးဌာနက သိရှိရပါတယ်။
“လုပ်ငန်းခွင်ထဲမှာ လုပ်သားအန္ဒရယ်ကင်းရှင်းဖို့လည်းလိုတယ် ဘေးနေအိမ်တွေအန္ဒရယ်ကင်းရှင်းဖိုလည်းလိုတယ် ပြီးတော့ လုပ်ငန်းခွင်ထဲကလုပ်သားတွေဆိုတာကလည်း အမြင့်တွေတက်မယ်ဆိုရင် သူရဲ့ safety ဝတ်စုံအပြည့်အစုံဝတ်ဖို့တွေ ပတ်ကျင်လမ်းသွားလမ်းလာ ဘေးကင်းဖို့တွေ အဲ့ဒါတွေကို သူ့ရဲ့ကြည့်ကြပ်တဲ့အင်ဂျင်နီယာနဲ့ ကန်ထရိုက်တွေက ညွှန်ကြားထာပါတယ်” စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးကအရှေ့သံလွင်ကိုပြောပါတယ်။
စည်ပင်သာယာရေးဦးစီးဌာနအနေနဲ့ ဘေးကင်းရေးဆိုင်ရာ စည်းကမ်းများကို ညွှန်ကြားချက်များ ချမှတ်ထားပေမယ့် မြေပြင်မှာ သက်ဆိုင်ရာ အင်ဂျင်နီယာများနဲ့ လုပ်ငန်းခွင်ကန်ထရိုက်များ လိုက်နာခြင်း ရှိ/မရှိကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်မှု အားနေတာလဲ ဖြစ်ပါတယ်။
အဆိုပါအဆောက်အအုံများ လုပ်ငန်းဆောင်ရွက်သည့်အခါ လုပ်ငန်းခွင် လိုအပ်သော အကာအကွယ်များနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများကို ဆောက်လုပ်ရေးကန်ထရိုက်များနဲ့ လုပ်ငန်းရှင်များက စနစ်တကျ ဆောင်ရွက်ထားရန် လိုအပ်နေတာဖြစ်ပါတယ်။
တာချီလိတ်မြို့အတွင်း အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းများ၌ လုပ်ငန်းခွင်အတွင်းရှိ လုပ်သားများနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို အလေးထားကာ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့် စံနှုန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်နေတာ ဖြစ်ပါတယ်။

