ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး စွမ်းအင်ဖြန့်ဖြူးရောင်းချဖို့ ဆွေးနွေး
၂၃ အောက်တိုဘာ ၂၀၂၆
(Eastern ThanLwin )
ဖိုးစည် ထိုင်း – မြန်မာ အိမ်နီးချင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒေသတွင်းက နိုင်ငံတွေဆီ စွမ်းအင်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ မနေ့က အောက်တိုဘာ (၁၉) ရက်မှာ ထိုင်းနိုင်ငံ၊ စွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan နေပြည်တော် ရောက်ရှိလာပြီး မြန်မာ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြတာလို့ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။

