၁၃ အောက်တိုဘာ ၂၀၂၆ ( Eastern Thanlwin)
ဇင်ကြီး
ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်း နာမည်ကျော် တေးရေးဆရာ သျှန်ဒီး ကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်းသိရပါတယ်။
ဖြစ်စဥ်မှာ ည ၁၂ နာရီ အချိန်က တောင်ကြီးမြို့ ၊ ညောင်ရွှေဟော်ကုန်းရပ်ရှိ ဝေယံအီလက်ထရောနစ်ဆိုင်ရှေ့မှာ လမ်းဖြတ်ကူးရင်း အရှိန်ပြင်းစွာ မဆင်မချင်မောင်းနှင်လာသည့် ကားတစ်စီးနှင့် ဝင်တိုက်မိခဲ့ပြီး အခင်းဖြစ်ရာနေရာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
တေးရေးဆရာသျှန်ဒီ (ခေါ်) ကိုသား ဟာအောင်မြင်တဲ့သီချင်းများစွာရေးဖွဲ့ခဲ့ပြီး တခြားအဆိုတော်များအတွက်လည်း သီချင်းတွေရေးပေးခဲ့ပါတယ်။ “လေထဲကအိမ်”၊ “အလွမ်းနဲ့အိမ်အပြန်” နဲ့ “သူငယ်ချင်း” စတဲ့ ပရိသတ်နှစ်သက်တဲ့ သီချင်းတွေကို ရေးသားခဲ့သူ လည်းဖြစ်ပါတယ်။
တေးရေးဆရာသျှန်ဒီရဲ့ နောက်ဆုံးခရီးကိုတော့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီမှာ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီးကနေ တိုင်းရင်းသားသုသာန်သို့ ပို့ဆောင်သဂြိုလ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

