၁၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
TNA
မွန်ပြည်နယ် ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးများ လာရောက်ဖူးမြော်ရာ၌ အဆင်ပြေစေရန် ကေဘယ်လ်ကားများ ကြံခိုင်ရေး စစ်ဆေးပြီးစီးသွားပြီဖြစ်လို့ လာမယ့်သီတင်းပတ်မှာ ကေဘယ်လ်ကား ပြန်ဖွင့်ပါတော့မယ်လို့ သိရပါတယ်။
“ကျိုက်ထီးရိုး ဘုရားဖူးလာရင်း ဘဝရဲ့ အမှတ်တရအနေနဲ့ ကေဘယ်လ်ကား မဖြစ်မနေ စီးလိုသူများရှင်။ မိုးရာသီအတွင်း ကေဘယ်လ်ကား ကြံခိုင်ရေးအတွက် လုံလောက်စွာ အချိန်ယူပီး အကုန်စစ်ဆေးပီးသွားပီဖြစ်တယ်” လို့ Kyaik Hti Yoe Cable Car က ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ထုတ်ပြန်ပါတယ်။
ထို့ကြောင့် လာမယ့်သီတင်းပတ်မှာ ကေဘယ်လ်ကား ပြန်လည်ဖွင့်လှစ်ပါတော့မယ်ဖြစ်ကြောင်း ကနဦးအနေနဲ့ သတင်းပေးဖော်ပြထားပါတယ်။
ယခင်က ကျိုက်ထီးရိုးကေဘယ်လ်ကား (Kyaik Hti Yoe Cable Car) ကို နေ့စဉ် မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ပုံမှန်ပြေးဆွဲပေးခဲ့သော်လည်း ယခုမှာတော့ ပြေးဆွဲမယ့်အချိန်ကို ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

