Language:

ရှမ်းပြည်နယ်ရှိ အစိုးရဆေးရုံများသို့ BPI မှ ကုမ္ပဏီက တင်ဒါစနစ်ဖြင့် ဝယ်ယူထားသည့် ဆေးဝါးများကို ပြည်နယ်ဆေးသိုလှောင်ရုံသို့ ပို့ဆောင်ပေးလျက်ရှိ


ရှမ်းပြည်နယ်ရှိ အစိုးရဆေးရုံများသို့ BPI မှ ကုမ္ပဏီက တင်ဒါစနစ်ဖြင့် ဝယ်ယူထားသည့် ဆေးဝါးများကို ပြည်နယ်ဆေးသိုလှောင်ရုံသို့ ပို့ဆောင်ပေးလျက်ရှိ

၆ အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

ကိုရဲ

ရှမ်းပြည်နယ်အတွင်းရှိ အစိုးရဆေးရုံများသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန မြန်မာဆေးဝါးလုပ်ငန်း BPI မှ ကုမ္ပဏီက တင်ဒါစနစ်ဖြင့် ဝယ်ယူထားသည့် ဆေးဝါးများကို ပြည်နယ်ဆေးသိုလှောင်ရုံသို့ ပို့ဆောင်ပေးလျက်ရှိသည်ဟု ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ က ပြောကြားလိုက်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးသန်းစိုးက ရှမ်းပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ လူနာများအတွက် လိုအပ်နေသော ဆေးဝါးများကို လုံလောက်စွာနှင့် အချိန်မီရရှိရေးအတွက် ပြည်သူများ၏ကိုယ်စား လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့တာဖြစ်ပါတယ်။

လက်ရှိ ရှမ်းပြည်နယ်အတွင်းရှိ အစိုးရဆေးရုံများသို့ နိုင်ငံတော်အစိုးရက ခွဲတမ်းချထားပေးသည့် ဆေးဝါးများသည် ဆေးရုံများတွင် လာရောက်ကုသနေသည့် လူနာများ၏ လိုအပ်ချက်နှင့် နှိုင်းယှဉ်ပါက လုံလောက်မှုမရှိသည့် အခြေအနေများရှိနေပြီး လူနာများအနေဖြင့် လိုအပ်သော ဆေးဝါးများကို ပြင်ပဆေးဆိုင်များမှ ကိုယ်ပိုင်ငွေကြေးဖြင့် ဝယ်ယူသုံးစွဲနေရကြောင်းကို ဦးသန်းစိုးက မေးမြန်းခဲ့ပါတယ်။

အထူးသဖြင့် အစိုးရဆေးရုံများကို အားထား၍ ဆေးကုသမှုခံယူနေရသည့် သာမန်လူတန်းစားနှင့် ဝင်ငွေနည်းပါးသူများအတွက် ဆေးဝါးများကို ပြင်ပမှ ထပ်မံဝယ်ယူနေရခြင်းသည် ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

“ဆေးရုံတစ်ရုံချင်းစီအလိုက် လူနာအရေအတွက်၊ ရောဂါဖြစ်ပွားမှုနှုန်းနှင့် ဆေးဝါးအသုံးပြုမှု အခြေအနေများအပေါ် မူတည်ပြီး ဆေးဝါးခွဲတမ်းကို လိုအပ်သလို ပြန်လည်သုံးသပ်၍ တိုးမြှင့်ဖြည့်ဆည်းပေးနိုင်မည့် အစီအစဉ်ရှိ၊ မရှိနှင့် လိုအပ်သောဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပေါင်းစပ်ညှိနှိုင်း၍ မည်သည့်အစီအမံများ ချမှတ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါတယ်” လို့ နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးသန်းစိုးက ပြောဆိုလိုက်တာပါ။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ အောက်တိုဘာလ(၅)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးသန်းစိုးရဲ့ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းမှုနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အတွင်းရှိ အစိုးရဆေးရုံများသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ မြန်မာဆေးဝါးလုပ်ငန်း BPI မှ ဝယ်ယူထားသည့် ဆေးဝါးများကို တင်ဒါစနစ်ဖြင့် ကုမ္ပဏီများမှ ဝယ်ယူထားသည့် ဆေးဝါးများကို ပြည်နယ်ဆေးသိုလှောင်ရုံသို့ ပို့ဆောင်သည်ဟု ဖြေကြားခဲ့သည်။

ဆေးရုံတစ်ခုချင်းစီ၏ လူနာအရေအတွက်အပေါ် မူတည်၍ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက်လည်း ဆေးဝါးရန်ပုံငွေ ကျပ် ၂,၀၇၂ ဒသမ ၄၄သန်း ခွဲဝေချထားပေးခဲ့ပြီး တင်ဒါစည်းမျဉ်းများနှင့်အညီ ဆေးဝါးများဝယ်ယူကာ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ မြို့နယ်အဆင့်မှတစ်ဆင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်မှ ခွဲဝေချထားသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် လူနာများ ပြင်ပမှ ဆေးဝါးဝယ်ယူသုံးစွဲရမှု လျော့နည်းစေရေးအတွက် အခြေခံမရှိမဖြစ် ဆေးဝါးနှင့် ဆေးပစ္စည်း ၇၀ မျိုးကို သတ်မှတ်ထားပြီး အဆိုပါဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

ရှမ်းပြည်နယ်အတွင်းရှိ အစိုးရဆေးရုံများတွင် လူနာများလိုအပ်သော ဆေးဝါးများ လုံလောက်စွာနှင့် အချိန်မီရရှိစေရေးအတွက် နှစ်စဉ်ရန်ပုံငွေ တိုးမြှင့်ချထားပေးကာ ဆေးဝါးပြတ်လပ်မှု လျော့နည်းစေရေး ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

#ရှမ်းပြည်နယ်အစိုးရ

#ဆေးရုံများ

#BPIမှကုမ္ပဏီက

#တင်ဒါစနစ်ဖြင့်

#ဆေးဝါးများကို

#ပြည်နယ်ဆေးသိုလှောင်ရုံသို့

#ပို့ဆောင်ပေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin