Language:

ရန်ကုန်အပါအ၀င် မြို့ကြီးတွေမှာ လျှပ်စစ်၀န်အားကို ထိန်းညှိဖို့ အောက်တိုဘာ ၅ ရက်က စတင်ပြီး ဓာတ်အားကို အလှည့်ကျစနစ်နဲ့ ဖြန့်ဖြူးတော့မယ်


ရန်ကုန်အပါအ၀င် မြို့ကြီးတွေမှာ လျှပ်စစ်၀န်အားကို ထိန်းညှိဖို့ အောက်တိုဘာ ၅ ရက်က စတင်ပြီး ဓာတ်အားကို အလှည့်ကျစနစ်နဲ့ ဖြန့်ဖြူးတော့မယ်

၅ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

လျှပ်စစ်ဓာတ်အား သုံးစွဲမှု မြင့်တက်လာခြင်းနဲ့ ဓာတ်အားထုတ်လုပ်နိုင်မှု အခြေအနေကို ချိန်ညှိရန်ဟုဆိုကာ အောက်တိုဘာ ၅ ရက်က စတင်ပြီး လျှပ်စစ်ဓာတ်အားကို အလှည့်ကျစနစ်နဲ့ ဖြန့်ဖြူးပေးသွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယမန်နေ့ အောက်တိုဘာ ၄ ရက်က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ ကာလမှာ မုတ်သုံရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီကို ဝင်ရောက်လာတာနဲ့အတူ အပူချိန်တွေ မြင့်တက်လာနေပြီး လျှပ်စစ်အသုံးပြုမှုလည်း ပုံမှန်ထက် ပိုမိုမြင့်တက်လာတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် ရန်ကုန်အပါအ၀င် မြို့ကြီးတွေမှာ ၀န်အားထိန်းညှိဖို့အတွက် မြို့နယ်အလိုက် အုပ်စုများခွဲခြားကာ တစ်နေ့လျှင် အနည်းဆုံး ၄ နာရီ ၂ ကြိမ်ထက်မနည်း ဓာတ်အားကို လျှော့ချဖြန့်ဖြူးသွားမယ်လို့ သိရပါတယ်။

ဒီအခြေအနေကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေမှာ အသုံးပြုနေတဲ့ ရေအရင်းအမြစ်တွေကို လာမယ့် ၂၀၂၇ ခုနှစ် မိုးရာသီအထိ လုံလောက်စွာ ထိန်းသိမ်းထားနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို လိုအပ်သလို ချိန်ညှိသွားမယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ဆိုလာစနစ်နဲ့ ရေအားလျှပ်စစ် စီမံကိန်းအသစ်တွေကို ဆက်လက် အကောင်အထည်ဖော်နေသလို လက်ရှိ ပျက်စီးနေတဲ့ ဓာတ်အားပေးစနစ်တွေကို ပြန်လည်ပြုပြင်တာတွေလည်း ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဓိကအားဖြင့် ဓာတ်အားထုတ်လုပ်နိုင်မှုနဲ့ သုံးစွဲမှု မမျှတတဲ့အခြေအနေမှာ စနစ်တစ်ခုလုံး ဝန်ပိုတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားနိုင်တဲ့ System Breakdown အခြေအနေ ဖြစ်ပေါ်နိုင်လို့ အဲဒီအန္တရာယ်ကို ရှောင်ရှားနိုင်စေရန် ဓာတ်အားဝန်အား ထိန်းညှိတဲ့ အစီအစဉ်ကို အနည်းဆုံး အတိုင်းအတာနဲ့ ဆောင်ရွက်ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်ကစပြီး လျှပ်စစ်ဓာတ်အားကို အလှည့်ကျစနစ်နဲ့ ထိန်းညှိဖြန့်ဖြူးသွားမှာဖြစ်ပြီး ဓာတ်အားထုတ်လုပ်နိုင်မှုနဲ့ သုံးစွဲမှုအခြေအနေအပေါ်မူတည်ကာ လိုအပ်တာတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#ရန်ကုန်အပါအ၀င်

#မြို့ကြီးတွေ

#လျှပ်စစ်၀န်အားထိန်းညှိ

#ဓာတ်အားအလှည့်ကျစနစ်

#ဖြန့်ဖြူး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin