Language:

ယာဉ်အို/ယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့်ကနေ EV အစီးရေ ၃၀ ကျော်ကို တင်သွင်းနိုင်ရန် စက်တင်ဘာလအတွက် ပါမစ်များ ထုတ်ပေးနေ


ယာဉ်အို/ယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့်ကနေ EV အစီးရေ ၃၀ ကျော်ကို တင်သွင်းနိုင်ရန် စက်တင်ဘာလအတွက် ပါမစ်များ ထုတ်ပေးနေ

၂၈ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ယာဉ်အို၊ ယာဉ်ဟောင်းများ အစားထိုးပြီး လျှပ်စစ်သုံးမော်တော်ယာဉ် (EV) ယာဉ်များ တင်သွင်းနိုင်ရေး လျှောက်ထားမှုတွေထဲက အစီးရေ ၃၄ စီးအတွက် ယခု စက်တင်ဘာလအတွင်း တင်သွင်းခွင့်ပါမစ် ထုတ်ပေးသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။

အိုမင်းဟောင်းနွမ်းတဲ့ မော်တော်ယာဉ်တွေဟာ စက်သုံးဆီ ပိုမိုသုံးစွဲရတာကြောင့် နိုင်ငံခြားငွေသုံးစွဲမှုနဲ့ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်မှုတွေ ဖြစ်ပေါ်နိုင်သလို ယာဉ်ကြံ့ခိုင်မှု အားနည်းလာတာကြောင့် EV ကားများ အစားထိုးတင်သွင်းခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကထုတ်ပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယာဉ်အဟောင်းတွေကနေ မီးခိုးငွေ့ ပိုမိုထွက်ရှိလာတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့အတွက် ယာဉ်အို၊ ယာဉ်ဟောင်းတွေ ပယ်ဖျက်ပြီး လျှပ်စစ်သုံးယာဉ်တွေ အစားထိုး တင်သွင်းနိုင်ရေး အသိပေးကြေညာချက်ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကြေညာချက် ထုတ်ပြန်ပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန (ကညန) ထံ ယာဉ်အို၊ ယာဉ်ဟောင်းတွေ အပ်နှံထားပြီး အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားလာသူတွေထဲက သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ် ၃၄ စီးကို စက်တင်ဘာလအတွင်း တင်သွင်းခွင့်ပါမစ် ထုတ်ပေးလိုက်တာဖြစ်ပါတယ်။

လက်ရှိ ကညနထံ အပ်နှံထားတဲ့ လက်ကျန်ယာဉ်တွေထဲကလည်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး အစားထိုး လျှပ်စစ်သုံးယာဉ် တင်သွင်းခွင့် လျှောက်ထားလာမှုတွေကို ဆက်လက်စိစစ်ပြီး တင်သွင်းခွင့်ပါမစ်တွေ ထုတ်ပေးသွားမယ်လို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ EV ဈေးကွက်အတွင်း လက်ရှိဝင်ရောက်လာတဲ့ လျှပ်စစ်ကားတွေထဲမှာ တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်တွေ အများအပြား ပါဝင်နေပြီး BYD၊ MG၊ Changan၊ Deepal၊ Leapmotor၊ GAC Toyota၊ Dongfeng၊ NETA၊ Zeekr နဲ့ Wuling စတဲ့ အမှတ်တံဆိပ်တွေကို တင်သွင်းရောင်းချလျက်ရှိပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း BYD၊ GAC Toyota၊ Leapmotor၊ NETA၊ Zeekr၊ Dongfeng စတဲ့ အမှတ်တံဆိပ်တွေရဲ့ EV ကားတွေဟာ အများဆုံးတင်သွင်းရောင်းချ ဖြန့်ဖြူးလျက်ရှိပါတယ်။

#ယာဉ်အို/ယာဉ်ဟောင်း

#တင်သွင်းခွင့်

#EVကား

#ကုန်းလမ်းပို့ဆောင်ရေး

#ပါမစ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin