Language:

ကမ္ဘာတဝှမ်း စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ စက်ရုပ် (၅) သန်း အထိ စံချိန်တင် မြင့်တက်လာ


ကမ္ဘာတဝှမ်း စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ စက်ရုပ် (၅) သန်း အထိ စံချိန်တင် မြင့်တက်လာ

၂၅ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

ကမ္ဘာတဝှမ်း စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ စက်ရုပ်အအရေအတွက် ၂၀၂၅ ခုနှစ်ကထက် (၉) ရာခိုင်နှုန်း မြင့်တက်လာပြီး အလုပ်လုပ်နေတဲ့ စက်ရုပ် (၅) သန်းအထိ စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ နိုင်ငံတကာ စက်ရုပ်အဖွဲ့ချုပ် IFR ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်က ကမ္ဘာတဝှမ်းစက်ရုံတွေမှာ အသစ်တပ်ဆင်မှု (၆) သိန်းကျော်ရှိခဲ့ပြီး နှစ်စဉ်တပ်ဆင်မှု (၁၁) ရာခိုင်နှုန်း ပိုများလာတာကြောင့် အလုပ်အတွက် စက်ရုပ်အသုံးပြုမှု ပိုများလာတာဖြစ်ပြီး စက်မှုလုပ်ငန်းဆိုင်ရာ အလိုအလျောက်စနစ် အသုံးပြုမှုဟာ မြင့်မားတဲ့ အမြန်နှုန်းနဲ့ တိုးတက်များပြားလာနေကြောင်း IFR ဥက္ကဋ္ဌ ဂျိန်းဟက်ဖနာက ပြောကြားပါတယ်။

လွန်ခဲ့တဲ့ ၇ နှစ်က စက်ရုံတွေမှာ စက်ရုပ်အသုံးပြုမှု အရေအတွက်ထက် နှစ်ဆပိုများလာတာဖြစ်ပြီး အာရှမှာ အသုံးပြုမှု အများဆုံးဖြစ်တယ်လို့ သိရကာ အာရှပြီးနောက် အမေရိကန်မှာ အလုပ်အတွက် စက်ရုပ်အသုံးပြုမှု ဒုတိယအများဆုံးဖြစ်ပြီး ဥရောပမှာလည်း တဖြည်းဖြည်း ပိုများလာနေပါတယ်။

စက်ရုပ်တွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာနေပြီး ထုတ်လုပ်မှု ကုန်ကျစရိန် လျှော့နည်းလာကြောင်း Launchpad Build AI ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဂျွန်ကွစ်က ပြောကြားထားပါတယ်။

စက်ရုပ်အသုံးပြုမှုမှာ တရုတ်က ကမ္ဘာဦးဆောငနိုင်ငံအဖြစ် သူ့ရဲ့ အနေအထားကို နောက်ထပ် အားပိုကောင်းအောင် လုပ်ဆောင်နေကြောင်း တရုတ်မှာ နှစ်အလိုက် စက်ရုပ် အသုံးပြုမှု (၂၀) ရာခိုင်နှုန်းပိုများလာပြီး ယခုအချိန်မှာ ကမ္ဘာတဝှမ်း အသုံးပြုမှုရဲ့(၅၉) ရာခိုင်နှုန်းအထိ ရှိလာပြီလို့ IFRက ပြောကြားပါတယ်။

တရုတ် စက်ရုပ်ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ ပြည်တွင်းမှာထက် ပြည်ပသို့ စက်ရုပ်ရောင်းချမှု ပိုများနေ ကြောင်းနဲ့ ဂျပန်ဟာ အာရှမှာ စက်မှုလုပ်ငန်းဆိုင်ရာ စက်ရုပ်တွေအတွက် ဒုတိယ အကြီးဆုံး ဈေးကွက်ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း စက်ရုပ် (၃၆၂၁၉) ရုပ် တပ်ဆင် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ဒါက အရင်က အသုံးပြုမှုထက် ၁၉ ရာခိုင်နှုန်း လျှော့ကျသွားတာ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်မှာ ဂျပန်ဟာ ဒုတိယ နေရာမှာရှိနေရာက အမေရိကန်နောက် တတိယနေရာသို့ ရောက်ရှိသွားကာ တောင်ကိုရီးယားဟာ ကမ္ဘာတဝှမ်း စတုတ္ထ အကြီးမားဆုံး ဈေးကွက်ဖြစ်ပြီး အလိုအလျောက် စနစ်တွေမှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ လာမယ့် နှစ်နှစ် အတွင်း ပိုများလာမယ်လို့ IFRက ခန့်မှန်းထားပါတယ်။

ယခုအချိန် ကမ္ဘာတဝှမ်းမှာ စားပွဲထိုး အလုပ်၊ ပစ္စည်းပို့တဲ့ အလုပ်၊ လူနာစောင့်ရှောက်တဲ့ အလုပ် အပြင် ခွေးထိန်းကျောင်းတဲ့ အလုပ်တွေမှာပါ စက်ရုပ်တွေကို အသုံးပြုလာကြပြီ ဖြစ်ပါတယ်။

#ကမ္ဘာတဝှမ်း

#စက်ရုံများ

#စက်ရုပ်ထုတ်လုပ်ရေး

#စက်ရုပ်

#ပစ္စည်းပို့

#လူနာစောင့်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin