တာချီလိတ် လဝက ခရိုင်ဦးစီးမှူးရုံးအဆောက်အဦနှင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ


တာချီလိတ် လဝက ခရိုင်ဦးစီးမှူးရုံးအဆောက်အဦနှင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

၂၈ ဇူလိုင်လ ၂၀၂၆

ဇင်ကြီး

ယနေ့ ဇူလှိုင်လ (၂၈)ရက်နေ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်(၁)တံတားတွင် လဝက ခရိုင်ဦးစီးမှူးရုံးအဆောက်အဦနှင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BT/TBP) ထုတ်ပေးရေးလုပ်ငန်း အဆောက်အဦသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဖွင့်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်ခဲ့ပြီး ထိုင်းနှင့်မြန်မာ(၂)နိုင်ငံသို့ လုပ်ငန်းအမျိုးမျိုးနှင့် သွားလာကြသည့် ပြည်သူများရဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ပြုလုပ်ရာတွင် ပြည်သူများအဆင်ပြေစေရန်နှင့် အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ရေကြီးပျက်စီးထားသည့် ရုံးအားပြန်လည် ဆောက်လုပ်ခဲ့တာ ဖြစ်တယ်လို့လည်းသိရပါတယ်။

အဆောက်အဦ ဆောက်လုပ်ရာတွင် နိုင်ငံတော်အစိုးရ ခွင့်ပြုပေးထားတဲ့ရန်ပုံငွေများအပြင် ထပ်မံဖြည့်စွက်ဆောင်ရွက်ရန် လုပ်ငန်းပိုင်းဆိုင်ရာများအတွက် လိုအပ်သည့် ရန်ပုံငွေ/အလှူငွေများကို တာချီလိတ်မြို့ဂုဏ်ဆောင် မြို့မိ/မြို့ဖများနှင့် နယ်ပယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်းများ၊ ပြည်ပမှစေတနာရှင် မိဘပြည်သူများမှ ကူညီထည့်ဝင် လှူဒါန်းပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

#နှစ်နိုင်ငံ

#တာချီလိတ်

#ဥပဒေ

ပြည်ထောင်စုဝန်ကြီး

#photoessay

ဆက်စပ်သတင်းများ

Eastern Thanlwin