Language:

မင်္ဂလာဒုံမြိုနယ်၊ အမှတ် (၃) လမ်းဆုံအနီး၌ အမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးစဥ် ကားတိုက်ခံရပြီး သေဆုံး


မင်္ဂလာဒုံမြိုနယ်၊ အမှတ် (၃) လမ်းဆုံအနီး၌ အမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးစဥ် ကားတိုက်ခံရပြီး သေဆုံး

၂၀ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဖိုးစည်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်၊ အမှတ် (၃) လမ်းဆုံအနီးမှာ ဒီကနေ့ စက်တင်ဘာ (၂၀)ရက် မနက်ပိုင်းက အမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရပြီး သေဆုံးခဲ့ရတယ်လို့ ဖြစ်စဥ်ကို သွားရောက်ကူညီပေးခဲ့တဲ့ ပုလဲအရန်မိသတ်တပ်ဖွဲ့က သိရပါတယ်။

ဒီကနေ့ စက်တင်ဘာ (၂၀) ရက် ၊ မနက် (၁၁) နာရီ (၂၀) မိနစ်ဝန်းကျင်က သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးနေစဉ် ကားနဲ့ တိုက်မိပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

“အုတ်သည်တဲ့ ကားမျိုး ပစ္စည်သည်တဲ့ကားနဲ့ တိုက်မိတာ၊ ကားအောက်မှာ ချိတ်ပြီးပါသွားတာ ၊ အသက်ကတော့ (၄၀) ကျော်ဝန်းကျင်ဖြစ်မယ်ထင်တယ်” လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူအမျိုးသမီးဟာ မည်သူမည်ဝါဖြစ်တ ယ်ဆိုတာကို မသိရသေးဘဲဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ကိုထင်လင်းအောင်ကလည်း သေဆုံးသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေနဲ့ ၎င်းအားသိရှိသူတွေ ဆက်သွယ်ပေးဖို ပြောဆိုထားပါတယ်။

#အမှတ်(၃)လမ်းဆုံ

#အမျိုးသမီး

#မှုခင်း

#ယာဉ်တိုက်မှု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin