Language:

လွှတ်တော်(၂)ရပ်လုံး စက်တင်ဘာ နောက်ဆုံးပါတ်အတွင်းဆွေးနွေးပွဲများ ပြန်လည်ကျင်းပမည်.


လွှတ်တော်(၂)ရပ်လုံး စက်တင်ဘာ နောက်ဆုံးပါတ်အတွင်းဆွေးနွေးပွဲများ ပြန်လည်ကျင်းပမည်.

၂ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွေကို စက်တင်ဘာလ (၂၁)ရက်နဲ့ (၂၂)ရက်နေ့တွေမှာ ပြန်လည်ကျင်းပသွားမယ်လို့ လွှတ်တော်အသီးသီးက ထုတ်ပြန်ထားပါတယ်။

တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့ရဲ့ တတိယပုံမှန်အစည်းအဝေးတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ တို့၏ ပြဌာန်းချက်များနှင့်အညီ ပြည်သူ့လွှတ်တော်ကို စက်တင်ဘာ (၂၁)ရက်နေ့ နံနက်(၁၀)နာရီနဲ့ အမျိုးသားလွှတ်တော်ကို စက်တင်ဘာ(၂၂)ရက်နေ့ နံနက်(၁၀)မှာစတင်ကျင်းပမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ တတိယအကြိမ်မြောက် ဒုတိယပုံမှန်အစည်းအဝေးမှာ ကြယ်ပွင့်ပြ မေးခွန်းပေါင်း (၉၉)ခုနဲ့ အရေးကြီးအဆိုပေါင်း (၁၀)ခု မေးမြန်းဆွေးနွေးခဲ့ပြီး အမျိုးသားလွှတ်တော်မှာတော့ ကြယ်ပွင့်ပြမေးခွန်းပေါင်း (၇၅)ခု အရေးကြီးအဆိုပေါင်း (၈)ခု ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။

တတိယအကြိမ်မြောက် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် တို့ရဲ့ ပုံမှန်အစည်းအဝေး(၂)ကြိမ်၊ ကျင်းပခဲ့တဲ့ရက်ပေါင်း (၃၉)ရက်ရှိခဲ့ပြီး ကိုယ်စားလှယ်ပေါင်း (၂၄၁)ဦးနဲ့ ကျင်းပနေတာဖြစ်တယ်လို့ သိရှိရပါတယ်။

#လွှတ်တော်

#တတိယအကြိမ်

#ပုံမှန်အစည်းအဝေး

#နေပြည်တော်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin