Language:

နီပေါနိုင်ငံ ဒါဒင်းခရိုင်ရှိ ဂါလ်ချီတွင် ရုတ်တရက် ရေကြီးပြီးနောက် ရွှံ့နွံများဖုံးလွှမ်းသွားမှုမြင်ကွင်း


နီပေါနိုင်ငံ ဒါဒင်းခရိုင်ရှိ ဂါလ်ချီတွင် ရုတ်တရက် ရေကြီးပြီးနောက် ရွှံ့နွံများဖုံးလွှမ်းသွားမှုမြင်ကွင်း

၂၇ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)

ကယ်ဆယ်ရေးလုပ်သားတွေဟာ တရုတ်နိုင်ငံ တိဘက်ဒေသနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နီပေါနိုင်ငံအတွင်း ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေကို အလျင်အမြန် ရှာဖွေကယ်ဆယ်နေကြပါတယ်။ အဆိုပါရေဘေးကြောင့် လူပေါင်း အနည်းဆုံး ၁၆၅ ဦး သေဆုံးခဲ့ပြီး ကျေးရွာတွေ ရေလွှမ်းပျောက်ကွယ်ခဲ့သလို လမ်းတွေ၊ တံတားတွေနဲ့ လျှပ်စစ်စီမံကိန်းတွေပါ ပျက်စီးခဲ့ပါတယ်။

နီပေါရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဗုဒ္ဓဟူးနေ့ညပိုင်းအထိ သေဆုံးသူ ၁၆၂ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပါတယ်။ တစ်ဖက်မှာလည်း တရုတ်နိုင်ငံအာဏာပိုင်တွေက တိဘက်ဒေသ၊ Gyirong ခရိုင်မှာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း ပြောကြားထားပါတယ်။

Gyirong ဒေသခံအာဏာပိုင်တွေကတော့ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် “လူအများအပြား ထိခိုက်သေဆုံးနိုင်တယ်” လို့ စိုးရိမ်နေကြပါတယ်။

သတင်းဓာတ်ပုံ – AFP

#နီပေါ

#ရေကြီးနစ်မြုပ်

#ရွှံ့နွံ

#ကယ်ဆယ်ရေးလုပ်သား

#သဘာ၀ဘေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin