Language:

တူနှစ်ကိုယ်တိုင်းပြည်ရဲ့ သီချင်းရှင် တေးသံရှင် ကိုင်ဇာ ကွယ်လွန်


တူနှစ်ကိုယ်တိုင်းပြည်ရဲ့ သီချင်းရှင် တေးသံရှင် ကိုင်ဇာ ကွယ်လွန်

၂၂ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

၁၉၈၀ ပြည့်နှစ်များက စတင်ကာ လူသိများထင်ရှားခဲ့တဲ့ တေးသံရှင် ကိုင်ဇာဟာ ရန်ကုန်မြို့ရှိ ဝိတိုရိယ ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ဒီကနေ့ သြဂုတ် (၂၂) ရက် ညဦးပိုင်းက ကွယ်လွန်သွားပြီလို့ နီးစပ်တဲ့ မိတ်ဆွေရင်းတချို့က အတည်ပြုချက်အရ သိရပါတယ်။

အမည်ရင်း ဦးညီညီဝင်းဖြစ်တဲ့ တေးသံရှင်ကိုင်ဇာဟာ ၁၉၇၇ ခုနှစ်မှာ ”အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ” တေးသီးချင်းခွေနဲ့ စတူဒီယိုလောကကို စတင်ဝင်ရောက်ခဲ့ပြီး သီ ချင်းရှင်ကိုကြင်နာပါ ၊ တူနှစ်ကိုယ်တိုင်းပြည် ၊ နမ်းပန်း၊ ၊ မနိုးပါစေနဲ့မိုးရယ်နဲ့ ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ်စတဲ့ သီချင်းတွေဟာ ယနေ့အချိန်ထိ ပရိသတ်တွေ စွဲလန်းနေရဆဲတေးသီချင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ၁၉၈၀ ဝန်းကျင်မှာ ထင်ရှားခဲ့တဲ့ ကစ္ဆပနဒီလှိုင်းသံ တေးစီးရီးဟာလည်း ဒီကနေ့အချိန်ထိ ပရိသတ်ကြားမှာ ထင်ရှား ကျော်ကျားနေဆဲဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် (၆၆) နှစ် ရှိပြီဖြစ်တဲ့ တေးသံရှင် ကိုင်ဇာဟာ အဆုတ်ထဲကို ပိုးဝင်တာကြောင့် ဝိတိုရိယဆေး ရုံရဲ့ အထူးကြပ်မတ်ကုသ‌ဆောင်မှာ ဆေးရုံတက်ရောက်ကုသမှုခံယူရင်း ဒီကနေ့ ညဦးပိုင်းမှာ ကွယ်လွန်ခဲ့တာလို့ သိရှိရပါတယ်။

#ကွယ်လွန်ခြင်း

#တေးသံရှင်

#ဂီတကြယ်ပွင့်

#ကိုင်ဇာ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin