၂၀ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
လာအိုနိုင်ငံအတွင်းက 22KV ဓါတ်အားပေးလိုင်း ပြုပြင်မှာဖြစ်တဲ့အတွက် ကျိုင်းလပ်မြို့ နှင့် တာလေမြို့အတွင်း ဩဂုတ်လ ( ၂၁) ရက်နေ့ တွင် နံနက် (၈) နာရီ မှ ညနေ (၄) နာရီခွဲထိ လျှပ်စစ်မီး ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း (၂၄)နာရီမြို့မီးလင်းရေးရုံးက အသိပေး ထုတ်ပြန်ထားပါတယ်။
လာအိုလျှပ်စစ်မီးရုံးမှ 22KV ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းပြီး လိုင်းတလျှောက်ရှိ သစ်ပင်၊ ဝါးပင်များကို ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်မှာဖြစ်လို့ လျှပ်စစ်ဓာတ်အားကို ခေတ္တဖြတ်တောက်ထားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
တာချီလိတ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအလိုက် မီးလင်းရေးကော်မတီများ ဖွဲ့စည်းထားပြီး လာအိုနိုင်ငံဘက်မှ လျှပ်စစ်ဓာတ်အား ဝယ်ယူကာ ပြန်လည်ဖြန့်ဖြူးပေးနေခြင်းဖြစ်ပါတယ်။

