၁၉ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ရှမ်းပြည်အစိုးရအဖွဲ့ စီမံကိန်း၊ စီပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံ့ဝန်ထမ်းများအတွက် သက်သာချောင်ချိရေး အစီအစဉ်အနေနဲ့ လူမှုရေးသင့်တင့်သောဒေသ (က)အဆင့် ၊ လူမှူရေးခက်ခဲသောဒေသ (ခ)အဆင့်၊ လူမှုရေးအခက်ခဲဆုံးဒေသ (ဂ)အဆင့် ဟူ၍ အဆင့်(၃)ဆင့် သက်မှတ်ကာ စီမံကိန်းနှင့်ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီးဌာနရဲ့ (၈.၅.၂၀၁၉) ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၄၄/၂၀၁၉)ဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ခံစားခွင့် ဒေသစရိတ် ချီးမြှင့်ပေးထားတယ်လို့ သိရှိရပါတယ်။
ကွတ်ခိုင်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းလှိုင်မှ ဩဂုတ်လ (၁၈) ရက်နေ့ တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ရှမ်းပြည်နယ်အတွင်းရှိ သွားလာရခက်ခဲတဲ့ မြို့နယ်တွေက နိုင်ငံဝန်ထမ်းများအတွက် သီးခြားဒေသဆိုင်ရာ ထောက်ပံ့ကြေးပေးအပ်ရန်နှင့် ပြည်သူများ ကုန်ဈေးနှုန်းတင့်တင့်စွာ ဝယ်ယူရှိရေးအတွက် စီမံဆောင်ရွက်ထားခြင်း ရှိ/မရှိကို ကြယ်ပွင့်ပြမေးခွန်းနဲ့ မေးမြန်းခဲ့တာဖြစ်ပါတယ်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးမြန်းချက်ကို ရှမ်းပြည်နယ် အစိုးရစီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလှဆိုင်းမှ “ကုန်ဈေးနှုန်းကြီးမြှင့်စေတဲ့ အချက်တစ်ခုဖြစ်တဲ့ ကုန်စည်ရောင်းဝယ် စီးဆင်းရာ လမ်းကြောင်းများပေါ်က တရားမဝင် ငွေကြေးကောက်ခံတဲ့ ဂိတ်များအားလုံးကို ဖျက်သိမ်းပြီးဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံဝန်ထမ်းများအားလုံးနဲ့ အငြိမ်းစားဝန်ထမ်းတွေကိုလည်း ထောက်ပံ့ကြေးငွေ Special Allowances လစဉ် တိုးမြှင့်ဆောင်ရွက်လျက်ရှိတယ်” လို့ ရှမ်းပြည်နယ်လွှတ်တော်မှာ ဖြေကြားသွားခဲ့တာပါ။
လူမှုရေးအခက်ခဲဆုံးသော ဒေသတွေဖြစ်တဲ့ (ဂ)အဆင့်က ဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ကျေးရွာတွင်အုပ်စု (၂)အုပ်စု၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအနေဖြစ် ကျိုင်းတုံမြို့နယ်မှာ ကျေးရွာအုပ်စု (၅)အုပ်စု၊ မိုင်းယန်းမြို့နယ်မှာ မိုင်းပေါက်မြို့ရုံးနဲ့ ကျေးရွာအုပ်စု(၆) အုပ်စု၊ မိုင်းလားမြို့နယ်တွင် မိုင်းလားမြို့ပေါ်ရုံးနှင့် ကျေးရွာအုပ်စု (၉) အုပ်စု၊ တာချီလိတ်မြို့နယ်တွင် ကျေးရွာအုပ်စု(၁)အုပ်စု မိုင်းယောင်းမြို့နယ်တွင် ကျေးရွာအုပ်စု(၂)အုပ်စု၊ ရှမ်းပြည်နယ်မြောက်ပိုင်းအနေဖြင့် ကွတ်ခိုင်မြို့နယ်တွင် ကျေးရွာအုပ်စု (၁၇)အုပ်စု၊ မက်မန်းမြို့နယ်တွင် မက်မန်းမြို့ပေါ်ရုံးနှင့် မက်ကန်မြိုပေါ်ရုံးနှင့် ကျေးရွာအုပ်စု (၂၈)အုပ်စု၊ ပန်ဆန်း ပန်ခမ်းမြို့နယ်တွင် ပန်ဆန်း၊ ပန်ခမ်းမြို့ ပေါ်ရုံးနှင့် ကျေးရွာအုပ်စု(၈၅)အုပ်စု ၊ နားဖန်းမြို့နယ်တွင် ကျေးရွာအုပ်စု (၃၄)အုပ်စု ကုန်းကြမ်းမြို့နယ်တွင် ကုန်းကြမ်းမြို့ပေါ်ရုံးနှင့် မော်ထိုက်မြို့နယ်ရုံးနှင့် ကျေးရွာအုပ်စု (၈)အုပ်စု ၊ လောက်ကိုင်မြို့နယ်တွင် ကျေးရွာအုပ်စု (၈)အုပ်စု၊ ဟိုပန်မြို့နယ်တွင် နမ့်တစ်မြို့ရုံးနှင့်ကျေးရွာအုပ်စု (၈)အုပ်စု ၊ မိုင်းမောမြို့နယ်တွင် ကျေးရွာအုပ်စု (၄၀)အုပ်စု ၊ ပန်ဝိုင်မြို့နယ်တွင် ကျေးရွာအုပ်စု (၁၉)တို့မှာ တာဝန်ထန်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို ဒေသစရိတ်ချီးမြှင့်ပေးခဲ့တယ်လို့ ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။
ကြယ်ပွင့်ပြမေးခွန်းနဲ့ပတ်သက်ပြီး ပြည်သူများ ကုန်ဈေးနှုန်းအသင့်တင့်ဝယ်ယူနိုင်ရန် အခြေခံစားကုန်တွင်ပါဝင်သည့် စားသုံးဆီများ ဈေးနှုန်းမြင့်တက်မှုမရှိစေရန်အတွက် စားသုံးဆီ သင့်တင့်သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန် ကြည်းကြပ်ရေးကော်မတီမှ အပါတ်စဥ်ထုတ်ပြန်ပေးလျက်ရှိသည့် ရန်ကုန်မြို့အထိုင် ရည်ညွှန်ဈေးအားအခြေခံ၍ သယ်ယူပို့ဆောင်စရိတ်နှင့် ဒေသလက်လီ၊လက်ကားများအား အမြတ်များအား ခွင့်ပြုချက်အတိုင်း ထည့်သွင်းတွက်ချက်ထားသော မြိုနယ်အလိုက် မြေပြင်တွင် အမှန်တကယ်ရောင်းချမှုရှိစေရန် ဌာနစုံပါဝင်တဲ့ စစ်ဆေးကြီးကြပ်ရေးအဖွဲ့ဖြင့် နေ့စဥ် စစ်ဆေးနေတယ်လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။

