Language:

အစိုးရသစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးကို နိုင်ငံတော်သမ္မတရုံး ဒုဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးအပ်


အစိုးရသစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးကို နိုင်ငံတော်သမ္မတရုံး ဒုဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးအပ်

၁၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

လက်ရှိအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာ၀န်ထမ်းဆောင်နေတဲ့ လ၀ကဒု၀န်ကြီး ဒေါက်တာခိုင်ခိုင်စိုးကို နိုင်ငံတော်သမ္မတရုံး ဒုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ်(၆၃ /၂၀၂၆)ဖြင့် ဩဂုတ် ၁၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ ၊ ပုဒ်မခွဲ (က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရ ပြောင်းလဲတာဝန်ပေးခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါက်တာခိုင်ခိုင်စိုးဟာ နိုင်ငံတော်သမ္မတရုံး ဒုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်မထမ်းဆောင်ခင်ထဲက အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် သတင်းမီဒီယာတွေကို သတင်းထုတ်ပြန်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။

ဒေါက်တာခိုင်ခိုင်စိုးဟာ လက်ရှိအစိုးရသစ်ရဲ့ ပထမဆုံးပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း မှတ်တမ်း၀င်သွားပြီဖြစ်ပါတယ်။

ယခင်အစိုးရတွေ လက်ထက်မှာတုန်းကတော့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးရဲထွဋ်၊ ဦးဇော်ဌေးတို့က တာ၀န်ထမ်းဆောင်ခဲ့ဖူးပါတယ်။

‌‌ဒေါက်တာခိုင်ခိုင်စိုးဟာ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံခြားခရီးစဥ်တွေအပြီး သတင်းမီဒီယာတွေကို ဖြေကြားမှုတွေ၊ နိုင်ငံတော်အဆင့် သတင်းစာရှင်းလင်းပွဲတွေမှာ ဦးဆောင်ဖြေကြားသူအဖြစ် လက်ရှိအစိုးရသစ်ရဲ့ ပြန်ကြားရေးလုပ်ငန်းတွေမှာ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်အဖြစ် ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။

လစ်လပ်သွားခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရ ခန့်အပ်တာဝန်ပေးထားတယ်လို့လည်း ထုတ်ပြန်ပါတယ်။

#ရာထူးအပြောင်းအလဲ

#သမ္မရုံးဒုဝန်ကြိး

#လူဝင်မှုကြိးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး

#ဒေါ်ခိုင်ခိုင်စိုး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin