Language:

မယ်ဆိုင်မှာ အာဆင်းနစ်ညစ်ညမ်းမှုကြောင့် အိမ်ထောင်စု ၂ သောင်းကျော် ရေအခက်အခဲကြုံ


မယ်ဆိုင်မှာ အာဆင်းနစ်ညစ်ညမ်းမှုကြောင့် အိမ်ထောင်စု ၂ သောင်းကျော် ရေအခက်အခဲကြုံ

၁၈ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)

IM

ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင်မှာ အာဆင်းနစ်ညစ်ညမ်းမှုကြောင့် အိမ်ထောင်စု ၂ သောင်းကျော်အတွက် သန့်ရှင်းတဲ့သောက်သုံးရေ အရေးပေါ်ဖြန့်ဝေပေးနေရတယ်လို့ သိရပါတယ်။

အာဆင်းနစ်ညစ်ညမ်းမှုဟာ မြန်မာနိုင်ငံဘက်ခြမ်းက ရွှေတူးဖော်ရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ သုတေသီတွေက ဖော်ထုတ်ထားပြီး မယ်ဆိုင်ခရိုင် ကျေးရွာ ၁၄ ရွာရဲ့ ပိုက်ရေပေးဝေမှုကိုလည်း ယခုလအတွင်း ရပ်ဆိုင်းထားရပါတယ်။

စစ်ဆေးချက်တွေအရ ဒေသခံရေသန့်စင်စက်ရုံမှာ အာဆင်းနစ်ပါဝင်မှုဟာ ဘေးကင်းတဲ့အဆင့်ထက် အဆ ၃၀၊ စိုင်းမြစ်ရေမှာတော့ သောက်သုံးရေစံနှုန်းထက် အဆ ၂၅ မြင့်မားနေတယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ သန့်ရှင်းတဲ့ရေ ဖြန့်ဝေပေးဖို့ ရေသယ်ထရပ်ကားနှစ်စီး ချထားပေးထားပြီး ရေအရင်းအမြစ်အသစ် ရှာဖွေတာနဲ့ ရေသန့်စင်စက်ရုံ ၁၁ ရုံ တည်ဆောက်ဖို့လည်း စီစဉ်နေပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဝီရက သက်ဆိုင်ရာဌာနတွေကို ရေအရည်အသွေး အနီးကပ်စောင့်ကြည့်ဖို့ ညွှန်ကြားထားသလို မြန်မာနိုင်ငံနဲ့လည်း ရေညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အဆိုပါညစ်ညမ်းမှုကြောင့် ဒေသခံတွေဟာ သောက်သုံးရေကို ဈေးနှုန်းပေးဝယ်ယူနေရပြီး အိမ်ထောင်စုအသုံးစရိတ်တွေ မြင့်တက်လာနေပါတယ်။

#ရေအရည်အသွေး

#မြစ်ရေညစ်ညမ်းမှု

# အာဆင်းနစ်

#သောက်သုံးရေ

#ရွှေတူးဖော်ရေး

ဆက်စပ်သတင်းများ

Eastern Thanlwin