Language:

ရှီကျင့်ဖိန်နှင့် ပူတင် ရှင်ကျန်းတွင် တွေ့ဆုံ၊ ထရမ့်နှင့် သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ဆွေးနွေး


ရှီကျင့်ဖိန်နှင့် ပူတင် ရှင်ကျန်းတွင် တွေ့ဆုံ၊ ထရမ့်နှင့် သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ဆွေးနွေး

၁၈ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)

IM

တရုတ်သမ္မတ ရှီကျင့်ဖိန်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ ရှင်ကျန်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သုံးနိုင်ငံထိပ်သီးတွေ့ဆုံပွဲ မတိုင်မီ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုမှာ စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ယူကရိန်းစစ်ပွဲနဲ့ မြောက်ကိုရီးယားအရေးတို့လည်း ပါဝင်ခဲ့ပါတယ်။

လာမယ့် ကြာသပတေးနေ့မှာတော့ ထရမ့်၊ ရှီနဲ့ ပူတင်တို့ သုံးဦး ပထမဆုံးအကြိမ် တွေ့ဆုံကြမှာဖြစ်ပြီး ယူကရိန်းစစ်ပွဲ၊ အီရန်စစ်ပွဲနဲ့ နျူကလီးယားလက်နက် လျှော့ချရေးကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ အမေရိကန်ဘက်က ပြောထားပါတယ်။

ပူတင်ကတော့ နိုင်ငံတကာမှာ စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ အန္တရာယ်တွေ မြင့်တက်နေချိန်မှာ နိုင်ငံတွေအကြား ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။

တစ်ဖက်မှာလည်း တရုတ်သမ္မတ ရှီက ဉာဏ်ရည်တုနည်းပညာနဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

#ရှီကျင့်ဖိန်

#စွမ်းအင်

#သုံးနိုင်ငံ

#ဗလာဒီမာပူတင်

#ဉာဏ်ရည်တုနည်းပညာ

ဆက်စပ်သတင်းများ

Eastern Thanlwin