Language:

အဂတိလိုက်စားမှု စွပ်စွဲချက်ကြောင့် မွန်ဂိုလီးယားသမ္မတ ရာထူးမှ နှုတ်ထွက်ရန် ကြေညာ


အဂတိလိုက်စားမှု စွပ်စွဲချက်ကြောင့် မွန်ဂိုလီးယားသမ္မတ ရာထူးမှ နှုတ်ထွက်ရန် ကြေညာ

၁၇ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)

IM

မွန်ဂိုလီးယားသမ္မတ အုခ်နာ ခူရဲလ်ဆုခ်ဟာ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးဖိအားတွေ မြင့်တက်လာတဲ့နောက် အင်္ဂါနေ့မှာ ရာထူးက နှုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီက သူ့ကို အဂတိလိုက်စားမှုနဲ့ စွပ်စွဲပြီး ရာထူးက နှုတ်ထွက်ဖို့ ဒါမှမဟုတ် လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှု ရင်ဆိုင်ဖို့ တောင်းဆိုခဲ့ပြီး တစ်ရက်အကြာမှာ အခုလို ကြေညာခဲ့တာပါ။

ခူရဲလ်ဆုခ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး နိုင်ငံတော်ဘဏ္ဍာနဲ့ ပြည်သူ့ဘဏ္ဍာကို ခိုးယူခဲ့တာမရှိကြောင်း ပြောပါတယ်။ အခုစွပ်စွဲချက်တွေဟာ သူဝန်ကြီးချုပ်တာဝန်ယူခဲ့စဉ်က အစိုးရရထားလမ်းစီမံကိန်းနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။

သူ့ရဲ့ နှုတ်ထွက်မှုကို လွှတ်တော်က အတည်ပြုပေးရမှာဖြစ်ပြီး အဲဒီအချိန်အထိ လွှတ်တော်ဥက္ကဋ္ဌ ဆန်းဒဂ် ဗျန်ဘာ့ဆော့ဂ်က သမ္မတတာဝန်တွေကို ယာယီထမ်းဆောင်မှာ ဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲကိုလည်း လေးလအတွင်း ကျင်းပရမှာ ဖြစ်ပါတယ်။

မွန်ဂိုလီးယားနိုင်ငံဟာ အဂတိလိုက်စားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ အာဏာရပါတီအတွင်း သဘောထားကွဲလွဲမှုတွေကြောင့် နိုင်ငံရေးမတည်ငြိမ်မှုတွေ ကြုံတွေ့နေရပြီး မတ်လအတွင်းမှာလည်း ၁၂ လအတွင်း တတိယမြောက် ဝန်ကြီးချုပ်ကို ခန့်အပ်ခဲ့ရပါတယ်။

#ပြည်သူ့ဘဏ္ဍာ

#မွန်ဂိုလီးယားသမ္မတ

#အဂတိလိုက်စားမှု

#အာဏာရပါတီ

#တတိယမြောက်ဝန်ကြီးချုပ်

ဆက်စပ်သတင်းများ

Eastern Thanlwin