၁၇ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)
IM
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ ၂၉ ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေးမှာ စားနပ်ရိက္ခာနဲ့ စွမ်းအင်လုံခြုံရေးအတွက် ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာ့တစ်နေရာရာမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေဟာ ဆန်ဈေးနှုန်းနဲ့ လောင်စာဆီဈေးတွေ မြင့်တက်လာတာကတစ်ဆင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ထိခိုက်စေနိုင်တယ်လို့ မားကို့စ်က ပြောပါတယ်။
အစည်းအဝေးမှာ ရေကြောင်းကုန်သွယ်ရေးနဲ့ ကုန်စည်ပို့ဆောင်ရေး မြှင့်တင်ရေး၊ စားနပ်ရိက္ခာနဲ့ စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်မှုတွေကို ရင်ဆိုင်နိုင်ရေးဆိုင်ရာ ကြေညာချက် ၂ စောင် အတည်ပြုဖို့လည်း စီစဉ်ထားပါတယ်။
အစည်းအဝေးကို အာဆီယံ ၁၁ နိုင်ငံအပြင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ တက်ရောက်ခဲ့ပြီး မြန်မာကိုယ်စားလှယ် ဒေါ်အေးအေးတင်လည်း ပါဝင်ခဲ့ပါတယ်။
အာဆီယံ+၃ ပူးပေါင်းဆောင်ရွက်မှုဟာ ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေးအကျပ်အတည်းကာလမှာ စတင်ခဲ့တာဖြစ်ပြီး လက်ရှိ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ ပိုမိုအရေးပါလာတယ်လို့ ခေါင်းဆောင်တွေက ပြောပါတယ်။

