၁၄ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)
IM
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီအစည်းအဝေးဟာ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။
အစည်းအဝေးမှာ စွမ်းအင်လုံခြုံရေး၊ စားနပ်ရိက္ခာလုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာတွေအပြင် မြန်မာ့အရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့တဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ပြန်လည်သုံးသပ်သွားဖို့ ရှိပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအစည်းအဝေးတွေမှာ ပြန်လည်တက်ရောက်ခွင့်ပြုဖို့ ကြာသပတေးနေ့က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အီရန်စစ်ပွဲကြောင့် ရေနံဈေးတွေ မြင့်တက်လာတာ၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နဲ့ စားနပ်ရိက္ခာအပေါ် သက်ရောက်နိုင်တဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
လာမယ့် ထိပ်သီးအစည်းအဝေးမှာတော့ အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံက ခေါင်းဆောင်တွေအပြင် အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ အခြားနိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အစည်းအဝေးအပြီးမှာတော့ ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌရာထူးကို စင်ကာပူနိုင်ငံထံ လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

