Language:

(နိုင်ငံတော်အစိုးရက ဘယ်သူ့ကိုမှ မျက်နှာကြီးငယ်မထားဘူး အရေးယူတယ်) လို့ ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နဲ့ ဌာနဆိုင်ရာတွေ ၊ ဒေသခံတွေနဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်


(နိုင်ငံတော်အစိုးရက ဘယ်သူ့ကိုမှ မျက်နှာကြီးငယ်မထားဘူး အရေးယူတယ်) လို့ ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နဲ့ ဌာနဆိုင်ရာတွေ ၊ ဒေသခံတွေနဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်

၁၂ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

“ဒါတွေက နိုင်ငံတော်အစိုးရက ဘယ်သူ့ကိုမှ မျက်နှာကြီးငယ်မထားဘူး။ အရေးယူတယ်။

အခုလည်း အားလုံးသိပြီးပြီပဲ။ ဘယ်သူက ဘယ်လောက် ခံလဲ ၊ ဘာဖြစ်သွားလဲ ၊ ထောင်ဒဏ် ဘယ်နှစ်နှစ်ကျသွားလဲ ၊ နှစ်ပေါင်းဘယ်နှဆယ် ကျသွားလဲ၊ ဘယ်သူဖြုတ်ခံရလဲ၊ ဘယ်သူဖြုတ်သွားလဲ ဆိုတာလည်း အားလုံးသိရှိကြတာပဲ။

ကိုယ်စားသင့်နိုင်တဲ့ ဟာကို စားပါ၊ မပြောပါဘူး။

ကိုယ်မစားသင့်ဘဲနဲ့ တနင့်တပိုးကြီးယူထားပြီး သူများပိုက်ဆံယူထားပြီဆိုရင်တော့ လုပ်ကို လုပ်ပေးရတော့မယ်။

လုပ်ပေးပြီဆိုရင်တော့ မှန်ရဲ့လား ၊ မမှန်ဘူးလား။ အဂတိဖြစ်လား၊ မဖြစ်ဘူးလားဆိုတာ နောက်ပိုင်း အက်ရှင်ယူပါလိမ့်မယ်။

အဲဒါကြောင့်လည်း အစကတည်းက အဂတိကင်းဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းအကြံပြုလိုပါတယ်။

အခမ်းအနားကို ဦးစိုင်းထွန်းစိန်အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ခရိုင်နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ လူမှုရေးအသင်းအဖွဲ့ဝင်တွေအပါအဝင် လူဦးရေ ၁၃၀ ကျော် တက်ရောက်ခဲ့ပါတယ်။

#ဦးစိုင်းထွန်းစိန်

#ဒေသခံတွေ့ဆုံပွဲ

#ရှမ်းပြည်နယ်လွှတ်တော်

#တာချီလိတ်

ဆက်စပ်သတင်းများ

Eastern Thanlwin