Language:

ပညာအရည်အချင်း အငြင်းပွားမှုကြောင့် အင်ဒိုနီးရှား ဒုသမ္မတ ဂီဘရန် ရာထူးမှ နုတ်ထွက်စာတင်


ပညာအရည်အချင်း အငြင်းပွားမှုကြောင့် အင်ဒိုနီးရှား ဒုသမ္မတ ဂီဘရန် ရာထူးမှ နုတ်ထွက်စာတင်

၁၂ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

အင်ဒိုနီးရှား ဒုသမ္မတ ဂီဘရန် ရာကာဘူမင် ရာကာဟာ ပညာအရည်အချင်းနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကြောင့် နိုဝင်ဘာ ၁၂ ရက်မှာ ရာထူးမှ နုတ်ထွက်စာကို လွှတ်တော်ခေါင်းဆောင်တွေထံ တင်သွင်းခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဂီဘရန်ဟာ ဂျကာတာမြို့ရှိ ပြည်သူ့တိုင်ပင်ခံအစည်းအရုံး (MPR) အဆောက်အအုံမှာ ခေါင်းဆောင်တွေနဲ့ မိနစ် ၂၀ ခန့် တွေ့ဆုံပြီး နုတ်ထွက်စာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံပြီးနောက် သတင်းထောက်တွေကို တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိဘဲ ထွက်ခွာသွားခဲ့ပါတယ်။

ဂီဘရန်ဟာ အင်ဒိုနီးရှားသမ္မတဟောင်း ဂျိုကို ဝီဒိုဒိုရဲ့ သားဖြစ်ပြီး သူ့ရဲ့ ပြည်ပပညာရေး အထောက်အထားတွေဟာ ဒုသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားတဲ့ ပညာအရည်အချင်းနဲ့ မကိုက်ညီဘူးဆိုတဲ့ တရားရုံးဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာပြီးနောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဒါ့အပြင် ပါတီ ၈ ခုမှ လွှတ်တော်အမတ် ၁၂၀ ဦးကလည်း ဂီဘရန်ကို ရာထူးမှ ဖယ်ရှားရေး လုပ်ငန်းစဉ် စတင်ဖို့ တောင်းဆိုထားပါတယ်။

ဂီဘရန်ဟာ နုတ်ထွက်လိုတဲ့ဆန္ဒကို သမ္မတ ပရာဘိုဝို ဆူဘီယန်တိုထံ အရင်ကတည်းက အသိပေးခဲ့ပြီး သမ္မတကတော့ သူ့ရဲ့ ပညာရေးအထောက်အထားတွေအတွက် ဆက်လက်ခုခံဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်လို့ သမ္မတရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာ MPR က နုတ်ထွက်စာကို ဆက်လက်ဆောင်ရွက်နေပြီး ဒုသမ္မတနေရာအတွက် သမ္မတက အစားထိုးကိုယ်စားလှယ်လောင်း ၂ ဦး တင်သွင်းရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ဒုသမ္မတအသစ်ကို လွှတ်တော်က ရွေးချယ်ရမှာဖြစ်ပါတယ်။

#အင်ဒိုနီးရှား

#ဂီဘရန်

#ဒုသမ္မတနုတ်ထွက်

#ဂျိုကိုဝီဒိုဒို

#ပရာဘိုဝို

ဆက်စပ်သတင်းများ

Eastern Thanlwin