၈ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
TNA
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာမှာ မော်လမြိုင်- မုဒုံသွားလမ်း 3B ရေကူးကန်ရှေ့၌ လမ်းဘေး ရပ်ထားတဲ့ တွဲကားယာဉ်ကို အိုးဝေယာဉ်က အနောက်မှ အရှိန်နဲ့ တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ (၇)ရက်၊ ည (၈)နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မော်လမြိုင်မြို့နယ် မီးသတ်စခန်း၊ နယ်မြေခံ မီးသတ်စခန်း၊ လူမှုကူညီရေးအသင်းများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဖွဲများဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“အိုးဝေယာဉ်မောင်းက နေရာမှာဘဲ သေဆုံးခဲ့ရတယ်။ အိုးဝေထဲ ညပ်နေတဲ့ ခရီးသည်တွေ စိုးရိမ်ရ အခြေနေနဲ့ ကယ်ထုတ်ခဲ့ရပြီး ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ အမျိုးသား (၁)ဦး ထပ်မံ သေဆုံးခဲ့ရတယ်။”လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
အိုးဝေယာဉ်ပေါ်ပါ အမျိုးသား (၄)ဦးအနက် (၂)ဦး (ေ-သဆုံး)၊ (၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နဲ့ (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ရာမညလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်နဲ့ မော်လမြိုင်မြိုနယ်ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ပါတယ်။
#(၂)ဦးသေဆုံး

