၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ကျင်းပနေတဲ့ U-15 Youth League 2026 ဘောလုံးပြိုင်ပွဲ Week-8 ပွဲစဉ်မှာ တာချီလိတ်ကိုယ်စားပြု Eastern Shan (TCL Academy) FC အသင်းက ကလောကိုယ်စားပြု Kalaw FC အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
အဆိုပါပွဲစဉ်ကို နိုဝင်ဘာလ ၇ ရက်နေ့မှာ တာချီလိတ်မြို့ မြို့မဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ နှစ်သင်းစလုံး တစ်ဂိုးစီ သွင်းယူနိုင်ခဲ့တာကြောင့် သရေရလဒ်နဲ့ ပထမပိုင်းပွဲပြီးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ Eastern Shan (TCL Academy) FC အသင်းက နောက်ထပ် ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူးကျင်းပနေတာဖြစ်ပြီး တာချီလိတ်အသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပတဲ့ အခုလိုပွဲစဉ်ကို ဘောလုံးဝါသနာရှင်တွေနဲ့ ဒေသခံပရိသတ်တွေ လာရောက်အားပေးခဲ့ကြပါတယ်။
Eastern Shan (TCL Academy) FC အသင်းဟာ လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲမှာ Week-9 ပွဲစဉ်အဖြစ် Middle Shan State အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
#U-15YouthLeague

