Language:

အမေရိကန် ထပ်မံတိုက်ခိုက်လာပါက အကန့်အသတ်မရှိ တုံ့ပြန်မည်ဟု အီရန် သတိပေး


အမေရိကန် ထပ်မံတိုက်ခိုက်လာပါက အကန့်အသတ်မရှိ တုံ့ပြန်မည်ဟု အီရန် သတိပေး

၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

အမေရိကန်တပ်ဖွဲ့တွေက အီရန်နိုင်ငံ ကက်ရှ်မ်ကျွန်းရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်က ထပ်မံတိုက်ခိုက်လာပါက ပထဝီဝင်အကန့်အသတ်မရှိ လက်တုံ့ပြန်သွားမယ်လို့ အီရန်စစ်တပ်က နိုဝင်ဘာ ၇ ရက်မှာ သတိပေးလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့က ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ အသေးစားစစ်ဆင်ရေးဖြစ်ပြီး ၁၅ မိနစ်အတွင်း အီရန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အီရန်အစိုးရမီဒီယာတွေကတော့ ကျွန်းပေါ်မှာ ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြပါတယ်။

အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာခရာမီနီယာက အီရန်တပ်ဖွဲ့တွေဟာ စစ်ပွဲစတင်ချိန်ကထက် ပိုမိုအင်အားတောင့်တင်းလာပြီဖြစ်ကြောင်းနဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးအတွက် အမေရိကန်ဟာ အီရန်ရဲ့ တောင်းဆိုချက် ၇ ချက်ကို လက်ခံရမယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်နဲ့ အီရန်ကြား ကြားဝင်ဆွေးနွေးမှုတွေ ဆက်လက်ရှိနေပြီး ဆွေးနွေးမှုတွေ ပျက်ပြားသွားပြီဆိုတဲ့ သတင်းတွေကို ကာတာက ငြင်းဆိုထားပါတယ်။ ထရမ့်ကလည်း အီရန်နဲ့ ဆွေးနွေးမှုမှာ တိုးတက်မှုတွေ ရရှိနေတယ်လို့ ပြောဆိုထားပါတယ်။

အီရန်မီဒီယာတွေကတော့ အီရန်တပ်ဖွဲ့တွေဟာ အမေရိကန် MQ-9 နဲ့ MQ-1 မောင်းသူမဲ့လေယာဉ်တွေကို ပစ်ချခဲ့ကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်ဗဟိုစစ်ဌာနချုပ်က ကျွန်းပေါ်အခြေအနေ တည်ငြိမ်နေတယ်လို့ ပြောဆိုထားပြီး အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ သတင်းပေးသူတွေကို ဒေါ်လာ သန်း ၂၀ အထိ ဆုငွေပေးမယ်လို့ ကြေညာထားပါတယ်။

#Iran

#USIranConflict

#QeshmIsland

#StraitOfHormuz

#MiddleEast

#EasternThanLwin

ဆက်စပ်သတင်းများ

Eastern Thanlwin