Language:

ချင်းရိုင်တွင် ယာဘဆေးပြား ၁၀ သန်းခန့် ဖမ်းဆီးရမိ


ချင်းရိုင်တွင် ယာဘဆေးပြား ၁၀ သန်းခန့် ဖမ်းဆီးရမိ

၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် ချင်းဆန်နှင့် ချင်းခုန်ခရိုင်အကြား နယ်ခြားစောင့်ရဲများက ယာဘဆေးပြား ၁၀ သန်းခန့် တင်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးကို လိုက်လံဖမ်းဆီးခဲ့ရာ ယာဉ်မောင်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၆ ရက် ညနေပိုင်းက မဲခေါင်မြစ်ကမ်းအနီးမှ မူးယစ်ဆေးများ သယ်ဆောင်လာကြောင်း သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လိုက်လံဖမ်းဆီးစဉ် ယာဉ်မောင်းက ကားကို အရှိန်ဖြင့် မောင်းပြေးခဲ့ရာ ချင်းခုန်ခရိုင်အတွင်း လမ်းဘေးရေမြောင်းထဲသို့ ကားထိုးကျခဲ့ပြီး အမှောင်ထဲတွင် ထွက်ပြေးသွားခဲ့သည်။

ကားကို ရှာဖွေရာမှ ရောင်စုံမြေသြဇာအိတ် ၃၄ အိတ်အတွင်း ထည့်ထားသည့် ယာဘဆေးပြားများကို တွေ့ရှိခဲ့ပြီး စုစုပေါင်း ၁၀ သန်းခန့်ရှိကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

လက်ရှိတွင် မှုခင်းဆိုင်ရာအဖွဲ့က ကားပေါ်ရှိ လက်ဗွေနှင့် DNA အထောက်အထားများကို စစ်ဆေးနေပြီး ထွက်ပြေးလွတ်မြောက်သွားသည့် ယာဉ်မောင်းနှင့် မူးယစ်ဆေးသယ်ဆောင်သည့် ကွန်ရက်ကို ဖော်ထုတ်နိုင်ရေး စုံစမ်းနေသည်။

ချင်းရိုင်ဒေသတွင် ယခုသီတင်းပတ်အတွင်း မဲခေါင်မြစ်အတွင်းမှ ယာဘဆေးပြား ၁.၆ သန်းနှင့် ချင်းရိုင်မြို့မခရိုင်တွင် ၂.၅ သန်း ထပ်မံဖမ်းဆီးရမိထားပြီး ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးမှောင်ခိုကူးမှုများ ဆက်လက်ဖြစ်ပွားနေသည်။

#ချင်းရိုင်

#ယာဘဆေးပြား

#မူးယစ်ဆေးဝါးဖမ်းဆီးမှု

#ရွှေတြိဂံဒေသ

ဆက်စပ်သတင်းများ

Eastern Thanlwin