ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ(၅၀)ကျော် ရေလွှမ်း


ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ(၅၀)ကျော် ရေလွှမ်း

၂ သြဂုတ် ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေတက်လာပြီး လူနေအိမ်များ ရေလွှမ်းမိုးကာ အိမ်ခြေ(၅၀)ခန့် ပျက်စီးဆုံးရှုံးထိခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။

ချင်းရိုင်းခရိုင်းအတွင်းက လာအိုမြစ်(Lao River)နဲ့ ကွန်းမြစ်(Korn River) တို့ ရေတက်ခဲ့အတွက် အိမ်တွေ ရေဝင်ရောက်ခဲ့တာဖြစ်ပြီး မြစ်ရေ ထပ်မံမြင့်တက်လာနိုင်ခြေ ရှိတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မြစ်ရေတက်မှုကြောင့် ပျက်စီးသွားတဲ့ အိုးအိမ်တွေနဲ့ ဒေသခံတွေကို အကူအညီပေးနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြင်ဆင်နေပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေ အသေးစိတ်သိရှိနိုင်ဖို့ စာရင်းကောက်ယူနေတယ်လို့လဲ သိရှိရပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေတက်လာတဲ့အပေါ် မြေနိမ့်ပိုင်းဒေသတွေမှာရှိတဲ့ ဒေသခံတွေကို နေရာရွေ့ပြောင်းတာနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ ထိုင်း ဒေသအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

မြစ်ရေ ဆက်လက်မြင့်တက်လာနိုင်သည့် အန္တရာယ်ရှိနေတဲ့အတွက် ဒေသခံတွေကို သတိထားပြီး အခြေအနေဆက်လက်စောင့်ကြည့်ရန် သိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

#သဘောဘေး

#မြစ်ရေ

#ရေလွှမ်း

#ချင်းရိုင်း

#ထိုင်းနိုင်ငံမြောက်ပိုင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin