၁ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
NPW
ဇူလိုင် (၃၁)ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အစိုးရရက် (၁၀၀)ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောအပြီး မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို န်လည်ဖြေကြားတာမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောတာဖြစ်ပါတယ်။
“လူငယ်တွေထဲမှာ ပညာရေးကို ကြိုးစားပြီး ပညာတတ်တွေဖြစ်အောင် လုပ်ကြဖို့၊ စည်းကမ်းပိုင်းနဲ့ပတ်သက်ပြီး သိရှိအောင်လုပ်ကြဖို့၊ နောက် ကြိုးစားအားထုတ်ကြဖို့လည်းလိုတယ်။ နောက်တစ်ခုပြောချင်တာကတော့ အပျော်အပါးတွေ လျော့စေချင်တယ် ” လို့ သမ္မတကဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ လူငယ်ဦးရေ (၁၇)သန်းခန့်ရှိပြီး စုစုပေါင်း လူဦးရေရဲ့ (၃၂.၆၉) ရာခိုင် နှုန်းဖြစ်တဲ့အတွက် လူငယ်အင်အားများပြားတဲ့ နိုင်ငံ ဖြစ်တယ်လို့လည်း နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ ပါတယ်။
“ ဒါဟာ လူဦးရေဆိုင်ရာ အားသာချက်ကို ဆုလာဘ်အဖြစ် ပြောင်းလဲနိုင်မယ့် ရွှေရောင်အခွင့်အရေးတစ်ရပ်ပဲဖြစ်ပါတယ် ” လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
ဒီလိုအခွင့်အရေးတွေရှိနေပေမယ့်လည်း လူငယ်တွေ ကျောင်းထွက်နှုန်းမြင့်မားနေတဲ့အတွက် အဆင့်မြင့်ပညာရရှိမှု၊ အသက် မွေးပညာရရှိမှု၊ ဒီဂျစ်တယ်နည်းပညာတတ်ကျွမ်းမှု စတဲ့ ပညာရေးဆိုင်ရာအားနည်းချက်တွေဖြစ်ပေါ်နေပြီး ဒီအားနည်းချက် တွေကြောင့် ဘဝအာမခံချက်ရှိတဲ့ အလုပ်အကိုင်ရရှိမှုအားနည်းတာ၊ ပုံမှန်လစာမရရှိတဲ့အလုပ်တွေမှာ အများစုလုပ်ကိုင်နေရ တာ၊ ကျောင်းနေပညာရေးနဲ့ အလုပ်အကိုင်ကိုက်ညီမှုအားနည်းတာ၊ စွန့်ဦးတည်ထွင်မှုလုပ်ငန်းနဲ့ ဆန်းသစ်တည်ထွင်မှု ဂေဟ စနစ် အားနည်းတာ စတဲ့ စီးပွားရေး ဆိုင်ရာစိန်ခေါ်မှုတွေ၊ မူးယစ်ဆေးဝါးပြဿနာ၊ အွန်လိုင်းလောင်းကစား၊ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတွေ၊ စိတ်ကျန်းမာရေးပြဿနာ စတဲ့ လူမှုရေးဆိုင်ရာစိန်ခေါ်မှုတွေကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်ကာကွယ်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်မှုနည်းပါးတာ၊ ပရဟိတာလုပ်ငန်း၊ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေမှာ စိတ်ရင်းစေတနာနဲ့ လုပ်ကိုင်နေကြပေမယ့်လည်း စည်းစနစ်တကျဆောင်ရွက်နိုင်မှု အား နည်းတာစတဲ့ အမျိုးသားရေးစိတ်ဓါတ်ဖွံ့ဖြိုးရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေရတယ်လို့ သမ္မတက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်နိုင်ဖို့ လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်း ခဲ့တယ်လို့ သမ္မတက ပြောပါတယ်။

