Language:

မန္တလေးရှိ စီးတော်မြင်းဝန်ကျောင်းတိုက်ထဲ မီးလောင်မှုကြောင့် ကျောင်းတိုက်ထဲရှိ ကားများ မီးလောင်ပျက်စီးခဲ့ရ


မန္တလေးရှိ စီးတော်မြင်းဝန်ကျောင်းတိုက်ထဲ မီးလောင်မှုကြောင့် ကျောင်းတိုက်ထဲရှိ ကားများ မီးလောင်ပျက်စီးခဲ့ရ

၁ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

TNA

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ စီးတော်ြမင်းဝန်ကျောင်းတိုက်ထဲ မီးလောင်မှု ဖြစ်ပွားရာ ကျောင်းတိုက်ထဲ ရပ်နားထားတဲ့ ကားများ မီးလောင်ပျက်စီးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့နှင့် “မဏီစလ” လူမူကူညီရေးအသင်း (မန္တလေး)တို့ထံက သိရပါတယ်။

နိုဝင်ဘာ (၁)ရက် နံနက် အစောပိုင်း (၁)နာရီ (၃၇)မိနစ်အချိန်ခန့်က မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆-၃၇ လမ်းနဲ့ ၇၁-၇၂ လမ်းရှိ ၎င်းကျောင်းတိုက်အတွင်း မီးလောင်မှု ဖြစ်ပွားရာ (၁)နာရီ (၃၇)မိနစ်အချိန် level (1) ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းစီးတော်မြင်းဝန်ကျောင်းတိုက်အတွင်း မီးလောင်မှုဖြစ်ပွါးကြောင်း သတင်းအရ “မဏီစလ” လူမူကူညီရေးအသင်း (မန္တလေး)မှလည်း အရေးပေါ်ရေဘောက်ဆာယာဉ် (၂) စီး အရေးပေါ် ကယ်ဆယ်ရေး ယာဉ်တို့နဲ့ ထွက်ခွာကာ မီးလောင်ပြင်သို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းကူညီခဲ့ပါတယ်။

ထိုသို့ ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြရာ နံနက် (၁)နာရီ (၅၂)မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းဝန်းထဲ ရပ်နားထားတဲ့ မော်တော်ယာဉ်များ မီးလောင်ပျက်စီးခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်မှု အကြောင်းရင်း အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးနေ တယ်လို့ သိရပါတယ်။

#မန္တလေး

#စီးတော်မြင်းဝန်ကျောင်းတိုက်

#မီးလောင်ပျက်စီး

ဆက်စပ်သတင်းများ

Eastern Thanlwin