၂၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
TNA
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၂/၂)တွင် ကုန်တင်ယာဉ် တစ်စီး တိမ်းမှောက်ပြီး လူ(၁)ဦး ညပ်နေကြောင်း သတင်းအရ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ယမန်နေ့ အောက်တိုဘာ ၂၈ ရက်၊ ည (၇)နာရီ (၂၅)မိနစ်အချိန်ခန့်က အုတ်ဖိုမြို့နယ် မီးသတ်စခန်းနှင့် (၅)မိုင်အကွာမှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး အုတ်ဖိုမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ် (၁)စီး သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တာပါ။
အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသား (၁)ဦး ယာဘက် ခြေထောက် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ဓမ္မဝိယဇသူနာတင်ယာဉ်ဖြင့် အုတ်ဖိုဆေးရုံသို့ ပိုဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
#ရန်ကုန်-ပြည်ကားလမ်း
#မိုင်တိုင်အမှတ်(၁၁၂/၂)

