Language:

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး နိုဝင်ဘာ ၂ ရက်မှာ ခေါ်ယူကျင်းပမယ်


တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး နိုဝင်ဘာ ၂ ရက်မှာ ခေါ်ယူကျင်းပမယ်

၂၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးကို နိုဝင်ဘာ ၂ ရက်မှာ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပသွားမယ်လို့ ရှယ်ပြည်နယ် လွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ အရေးပေါ်အစည်းအဝေးကို တောင်ကြီးမြို့ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမမှာ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ဃ) တို့အရ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ (၂) ရက်၊ တနင်္လာနေ့ နံနက် (၁၀) နာရီမှာ စတင်ကျင်းပရန်ခေါ်ယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် လွှတ်တော်ကို ရွေးကောက်ခံပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၉၂) ဦး။ တိုင်းရင်းသားလူမျိုး လွှတ်‌တော် ကိုယ်စားလှယ် (၇) ဦးနဲ့ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၃၃) ဦး စုစုပေါင်း (၁၃၂)ဦးနဲ့ ဖွဲ့စည်းထားတယ်လို့ ရှမ်းပြည်နယ် လွှတ်တော်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို (၅)ရက်ကြာ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်းပေါင်း (၈၄) ခုနဲ့ အဆို (၃) ခု တင်သွင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ယခုကျင်းပမယ့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာများကိုတော့ ထုတ်ပြန်ကြေညာချက်မှာ မဖော်ပြထားသေးပါဘူး။

#တတိယအကြိမ်

#ရှမ်းပြည်နယ်လွှတ်တော်

#အရေးပေါ်အစည်းအဝေး

ဆက်စပ်သတင်းများ

Eastern Thanlwin